လီဗာပူးနှင့်ပွဲစဉ်အတွင်း ရပ်ဂ်ဘီဘောလုံး ကွင်းထဲကျလာသည့်အပေါ် ဘရန့်ဖို့ဒ်အသင်း တိုင်ကြား
DVB
·
October 20, 2026

ဘရန့်ဖို့ဒ်အသင်းရဲ့ အိမ်ကွင်းမှာ လီဗာပူးအသင်းနဲ့ ယှဉ်ပြိုင်ကစားနေချိန် အနီးအနားရှိ အထပ်မြင့် တိုက်ခန်းတခုကနေ ရပ်ဘီဘောလုံးတလုံး ကွင်းထဲကို ရောက်ရှိလာခဲ့ပါတယ်။
ဒီဖြစ်ရပ်ကြောင့် ဘရန့်ဖို့ဒ်အသင်းဟာ သက်ဆိုင်ရာ ရဲတပ်ဖွဲ့ထံ တိုင်ကြားခဲ့တာ ဖြစ်ပါတယ်။ ကံကောင်းထောက်မစွာနဲ့ပဲ ဒီဖြစ်ရပ်ကြောင့် ကစားသမားတွေနဲ့ ပရိသတ်တွေ ထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့ပါဘူး။
ဘောလုံးဟာ ကွင်းအတွင်းပိုင်းနဲ့ အနီးဆုံးနေရာကို ကျရောက်ခဲ့တာဖြစ်ပြီး အသင်းဘက်ကတော့ လုံခြုံရေးဆိုင်ရာ စိုးရိမ်မှုတွေကြောင့် အခုလို တိုင်ကြားခဲ့တာ ဖြစ်ပါတယ်။
Photo:Reuters











