
ရီးရဲလ်မက်ဒရစ်အသင်းက ရီးရဲလ်အိုဗီယက်ဒိုကို ၂ ဂိုး - ဂိုးမရှိနဲ့ နိုင်တဲ့ပွဲမှာ လူစားဝင်လာတဲ့ တိုက်စစ်မှူး အမ်ဘာပေကို ကိုယ်ပိုင်ပရိသတ်တွေက လှောင်ပြောင်ခဲ့ကြပေမဲ့ သူကတော့ ပြုံးနေခဲ့ပါတယ်။
ဒဏ်ရာကြောင့် ၂ ပွဲလွဲချော်အပြီး ပွဲချိန် ၆၉ မိနစ်မှာ သူ ဝင်ကစားခဲ့တာပါ။ မေလဆန်းပိုင်းက ဒဏ်ရာရနေချိန်မှာ ချစ်သူနဲ့အတူ ဆာဒီးနီးယားကို ကိုယ်ပိုင်လေယာဉ်နဲ့ အလည်သွားခဲ့လို့ ပရိသတ်တွေ ဒေါသထွက်နေကြတာပါ။
ပြိုင်ဘက် ဘာစီလိုနာကို လာလီဂါချန်ပီယံဆု ပေးလိုက်ရတဲ့ မေ ၁၀ ရက်က အယ်လ်ကလက်စီကိုပွဲ အပါအဝင် ပြီးခဲ့တဲ့ ၂ ပွဲကို သူ လွဲချော်ခဲ့ပါတယ်။
လက်ရှိမှာတော့ သူ့ကို ရောင်းထုတ်ဖို့ လက်မှတ်ရေးထိုး တောင်းဆိုမှုဟာ သန်း ၃၀ ကျော်အထိ ရှိလာပါတယ်။
ဒါ့အပြင် လေ့ကျင့်ရေးကွင်းမှာ ရန်ဖြစ်ခဲ့ကြတဲ့ ချူအာမင်နီနဲ့ ဗယ်ဗာဒီတို့ကိုလည်း အသင်းက ယူရို ၅ သိန်း ဒဏ်ရိုက်ထားလို့ ရီးရဲလ်အသင်းတွင်း တင်းမာမှုတွေ မြင့်တက်နေပါတယ်။











