DVB Logo
Home
မြန်မာသတင်း
ထိုင်းသို့ မြန်မာ့ထောပတ်သီး တန်ချိန် ၂၀,၀၀၀ တင်ပို့ခွင့်မရ
DVB
·
September 2, 2026
Photo: MOI
Photo: MOI
Donate to DVB

ထိုင်းနိုင်ငံကို အဓိကမှီခိုအားထားပြီး ပို့နေရတဲ့ မြန်မာ့ထွက်ကုန် ထောပတ်သီး တန်ချိန် ၂၀,၀၀၀ ကို ထိုင်းဘက်က တင်သွင်းခွင့်ပိတ်လိုက်တာကြောင့် အခက်အခဲတွေရှိနေတယ်လို့ မြန်မာနိုင်ငံ ထောပတ်သီး စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း (MAVO) ကနေ သိရပါတယ်။

ထိုင်းဘက်က ပိုးမွှားအန္တရာယ်ဆန်းစစ်မှု (PRA) မပြီးစီးသေးတဲ့ အကြောင်းပြချက်နဲ့ တင်ပို့ခွင့် ပိတ်ထားလိုက်တာလို့ MAVO အသင်းတာဝန်ရှိသူတယောက်က ပြောပါတယ်။

“သူတို့ဆီ သွားနေတာ တန်ချိန် ၂၀,၀၀၀ ကျော်လေနော်။ တန်ချိန် ၂၀,၀၀၀  ကျော်ဆိုတော့ အဲဒီက တခြားဈေးကွက်က မရှိဘူးဆိုရင်တော့ ဒီမှာ ပုံသွားမှာပေါ့နော်။ ဒီမှာ ပုံသွားရင် တောင်သူတွေ ထိခိုက်လာမယ်။ ဈေးကျလာမယ်၊ ဆုံးရှုံးမှုများလာမှာပေါ့နော်။ အဓိကကတော့ ဘယ်အသီးမဆို သူတို့က တရားဝင်ဖြစ်ဖို့ PRA ပေါ့။ ပြောရရင် ဥပမာ ကျနော်တို့က တင်ပို့ချင်တယ်ဆိုရင် သူတို့ဘက်ကို အဲဒါ PRA တင်ရတာပေါ့နော်။ သူတို့ဘက်နဲ့ နှစ်နိုင်ငံ ကုန်သွယ်မှု ဟို လုပ်ချင်တာပေါ့။ ဒါပေမဲ့ သူတို့က အခု အဲ့ဒီဟာကို လက်မခံဘူး။”

ထိုင်းနိုင်ငံကို မြန်မာ့ထောပတ်သီး တရားဝင်တင်ပို့ခွင့်ရရှိရေးအတွက် မြန်မာဘက်က ၂၀၂၃ ခုနှစ်အတွင်း Technical Market Access Information များ ပေးပို့ခဲ့ပြီး ပိုးမွှားအန္တရာယ်ဆန်းစစ်မှု (PRA) ဆက်လက်ဆောင်ရွက်နိုင်ရေး ညှိနှိုင်းခဲ့ပေမဲ့ ထိုင်းနိုင်ငံအမျိုးသားအပင်ကာကွယ်ရေးအဖွဲ့ (NPPO) ဘက်က တုံ့ပြန်မှုမရှိခဲ့ဘူးလို့ သိရပါတယ်။

လက်ရှိ ၂၀၂၆-၂၀၂၇ ထောပတ်သီးရာသီ စတင်နေပြီဖြစ်လို့ ထိုင်းနိုင်ငံသို့ တင်ပို့ခွင့်မရတဲ့ ထောပတ်သီး တန်ချိန် ၂၀,၀၀၀ လောက်အတွက် ပြည်တွင်းစားသုံးမှု မြှင့်တင်ရေး လှုပ်ရှားမှုတွေ ပြုလုပ်ဖို့ စီစဉ်နေတယ်လို့လည်း သိရပါတယ်။

ဒါ့အ​ပြင် တရုတ်နိုင်ငံဈေးကွက်ကို ထောပတ်သီး တင်ပို့နိုင်ရေးအတွက်လည်း အခုရာသီအမီ GACC လက်မှတ် ရရှိရေး ဆောင်ရွက်နေပြီး အိန္ဒိယ၊ စင်ကာပူ၊ မလေးရှားနဲ့ ရုရှားနိုင်ငံတို့ရှိ ဈေးကွက်တွေ ကိုလည်း တင်ပို့နိုင်ဖို့ စီစဥ်နေတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013