
ပါကစ္စတန်နိုင်ငံကနေ အာဖဂန်နစ္စတန်နိုင်ငံဆီကို မော်တာတွေ၊ ဒုံးကျည်တွေနဲ့ တိုက်ခိုက်လို့ ဧပြီ ၂၇ ရက်မှာ လူ ၄ ယောက် သေဆုံးပြီး ၇၀ ကျော် ဒဏ်ရာရခဲ့တယ်လို့ တာလီဘန်အစိုးရက ပြောပါတယ်။
နှစ်နိုင်ငံအကြား တိုက်ပွဲတွေပြန်ဖြစ်ပြီး ခိုင်မာမှုမရှိတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ပျက်ပြားစေလိမ့်မယ်လို့လည်း ခြိမ်းခြောက်ခဲ့ပါတယ်။
ကူနာပြည်နယ်၊ အာဆာဒါဘတ်မြို့က အိမ်တွေနဲ့ ဆေးယဒ် ဂျာမာလဒ်ဒင် အာဖဂန်နီတက္ကသိုလ်ကို ပစ်မှတ်ထားတဲ့ တိုက်ခိုက်မှုတွေအတွင်း ဒဏ်ရာရသူတွေထဲမှာ ကျောင်းသားတွေ၊ အမျိုးသမီးတွေနဲ့ ကလေး ၃၀ လောက် ပါတယ်လို့ တာလီဘန်အစိုးရ၊ ဒုတိယပြောရေးဆိုခွင့်ရှိသူ ဟမ်ဒူလာ ဖစ်ထရတ်က ပြောပါတယ်။
မျက်မြင်သက်သေတွေ ရိုက်ကူးထားတဲ့ ဗီဒီယိုထဲမှာ တက္ကသိုလ်ရှေ့က လမ်းမပေါ်မှာ လူတွေစုဝေးနေတာကို ပြထားပါတယ်။
အဲဒီဒေသမှာ တိုက်ခိုက်မှုတွေဖြစ်အပြီး တက္ကသိုလ်အနားက တောင်ကုန်းတွေမှာ မီးခိုးမည်းတွေ ဖုံးနေတာကို ပြထားပါတယ်။
ကူနာပြည်နယ်မှာ ပါကစ္စတန်ရဲ့ တိုက်ခိုက်မှုတွေအတွင်း ဆေးယဒ် ဂျာမာလဒ်ဒင် အာဖဂန်နီ တက္ကသိုလ်ကို တိုက်ခိုက်ခဲ့တယ်လို့ တာလီဘန် အစိုးရရဲ့ ဒုတိယပြောရေးဆိုခွင့်ရှိသူ ဟမ်ဒူလာ ဖစ်ထရတ်က ၂၀၂၆ ခုနှစ် ဧပြီ ၂၇ ရက်မှာ X လူမှုကွန်ရက်ပေါ်ကနေ ပြောခဲ့ပါတယ်။
ပါကစ္စတန်အစိုးရကတော့ ဒီသတင်းတွေကို “စဉ်ဆက်မပြတ် ဝါဒဖြန့်ချိရေး” အဖြစ် ပယ်ချခဲ့ပါတယ်။
Source: Reuters











