DVB Logo
Home
နိုင်ငံတကာ
ဒတ်ခ်ျအပျော်စီး ခရုဇ်သင်္ဘောပေါ်တွင် ဟန်တာဗိုင်းရပ်စ် ကူးစက်ခံရသူ ၂ ဦးကို WHO အတည်ပြု
DVB
·
May 6, 2026
ဒတ်ခ်ျအပျော်စီး ခရုဇ်သင်္ဘောပေါ်တွင် ဟန်တာဗိုင်းရပ်စ် ကူးစက်ခံရသူ ၂ ဦးကို WHO အတည်ပြု
Donate to DVB

အတ္တလန္တိတ်သမုဒ္ဒရာထဲက ကိပ်ဗာဒီကျွန်းစုအနီးမှာ ဆိုက်ကပ်ထားတဲ့ နယ်သာလန်ပိုင် ဟွန်ဒီးယပ်စ် ဇိမ်ခံသင်္ဘောပေါ်မှာ ဟန်တာဗိုင်းရပ်စ် ကူးစက်ခံရသူ ၂ ယောက်ရှိကြောင်း အတည်ပြုထားပြီး သံသယရှိသူ ၅ ယောက်၊ စုစုပေါင်း ၇ ယောက်ရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က မေ ၄ ရက်မှာ အတည်ပြုထုတ်ပြန်လိုက်ပါတယ်။ 

ဒီကူးစက်မှုကြောင့် လက်ရှိအချိန်ထိ လူ ၃ ယောက် သေဆုံးခဲ့ပြီး သေဆုံးသူတွေဟာ နယ်သာလန် ဇနီးမောင်နှံနဲ့ ဂျာမနီနိုင်ငံသားတယောက်တို့ ဖြစ်ပါတယ်။ 

ဗြိတိန်နိုင်ငံသား ခရီးသည်တယောက်ကိုတော့ တောင်အာဖရိကနိုင်ငံ၊ ဂျိုဟန်နက်စ်ဘတ်မြို့ကို အရေးပေါ်  ပို့ဆောင်ပြီး အထူးကြပ်မတ်ကုသပေးနေပါတယ်။ 

သင်္ဘောပေါ်မှာ လူ ၁၄၀ ကျော်ကနေ ၁၅၀ ဝန်းကျင်ထိ ကျန်ရှိနေပြီး ဗြိတိန်နဲ့ နယ်သာလန်နိုင်ငံသား သင်္ဘောသား ၂ ယောက်ဟာလည်း ပြင်းထန်တဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ဝေဒနာ လက္ခဏာ တွေ ခံစားနေရတာမှာ တယောက်က လက္ခဏာအနည်းငယ်သာရှိပြီး တယောက်ကတော့ ပြင်းထန် တဲ့ အခြေအနေရှိတာကြောင့် နှစ်ယောက်လုံး အရေးပေါ် ဆေးကုသမှု လိုအပ်နေတဲ့အတွက် ဒတ်ခ်ျ အာဏာပိုင်တွေက အရေးပေါ် ဆေးဘက်ဆိုင်ရာ ရွှေ့ပြောင်းရေးလုပ်ဖို့ ပြင်ဆင်နေပါတယ်။ 

ဒီသင်္ဘောဟာ မတ်လတုန်းက အာဂျင်တီးနားကနေ အန္တာတိတ်ဒေသကို သဘာဝ လေ့လာရေး ခရီးစဉ်အဖြစ် ထွက်ခွာသွားခဲ့ပြီး သင်္ဘောသွားလာမှု အချက်အလက်တွေအရ ဒီသင်္ဘောဟာ အာဂျင်တီးနားနဲ့ တောင်အာဖရိကကြားက ထရစ်စ်တန် ဒါကွန်ညာကျွန်းလို ကမ္ဘာ့အဝေးလံဆုံး နေရာတွေကိုလည်း သွားရောက်ခဲ့ပါတယ်။ 

လက်ရှိမှာတော့ ကိပ်ဗာဒီအာဏာပိုင်တွေက ကြိုတင်ကာကွယ်တဲ့အနေနဲ့ သင်္ဘောကို ပင်လယ်ထဲ မှာပဲ ရှိနေဖို့ ညွှန်ကြားထားပြီး၊ Oceanwide Expeditions သင်္ဘောကုမ္ပဏီကတော့ ခရီးသည်တွေ ကို စစ်ဆေးပြီး သင်္ဘောပေါ်က ဆင်းခွင့်ရအောင် ကြိုးပမ်းနေပါတယ်။ 

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) ကတော့ ဟန်တာ ဗိုင်းရပ်စ်ဟာ ကြွက်တွေကနေတဆင့် သယ်ဆောင်ကူးစက်တဲ့ ဗိုင်းရပ်စ်အုပ်စုတခုဖြစ်ပြီး လူအချင်းချင်း ကူးစက်တာမျိုးကတော့ အလွန်ရှားတာကြောင့် အများပြည်သူအတွက် စိုးရိမ်စရာ အန္တရာယ်နည်းတယ်လို့ ပြောပါတယ်။

ဟန်တာ ဗိုင်းရပ်စ်ဟာ ကြွက်တွေရဲ့ ဆီး၊ အညစ်အကြေး နဲ့ တံတွေးအရည်တို့နဲ့ ထိတွေ့ရာကနေ ကူးစက်နိုင်ပြီး လူတွေမှာ ပြင်းထန်တဲ့ရောဂါ ဖြစ်စေနိုင်ပါတယ်။ 

Source:Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013