ပြင်သစ်အသင်းက ဆွီဒင်ကို ၃ ဂိုးပြတ်နိုင်ပြီး နောက်တဆင့်တက်
DVB
·
July 1, 2026
1 / 15
၂၀၂၆ ဖီဖာ ကမ္ဘာ့ဖလား - ၃၂ သင်းအဆင့် ရှုံးထွက်ပွဲစဉ်မှာ ပြင်သစ်အသင်းက ဆွီဒင်ကို (၃-၀) ဂိုး နဲ့အနိုင်ရပြီး နောက်တဆင့်ရှုံးထွက် ၁၆ သင်း အဆင့်ကို တက်ရောက်သွားပါတယ်။
နယူးယောက်-နယူးဂျာစီကွင်းမှာ ဒေသစံတော်ချိန် ဇွန်လ ၃၀ ရက်က ယှဉ်ပြိုင်ကစားခဲ့ကြတာမှာ ပြင်သစ်အသင်းအတွက် အနိုင်ဂိုးတွေကို တိုက်စစ်မှူး ကီလီယန် အမ်ဘာပေက ပထမပိုင်း ပွဲချိန် ၄၅ မိနစ်မှာ တဂိုး ဒုတိယပိုင်းပွဲချိန် ၇၄ မှာ တဂိုး၊ ဘရက်ဒ်လေ ဘာကိုလာက ၅၃ မိနစ်မှာ တဂိုးသွင်းယူ ပေးခဲ့တာပါ။
အမ်ဘာပေဟာ အခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ စုစုပေါင်း သွင်းဂိုး ၆ ဂိုးရှိသွားပြီဖြစ်ပြီး မက်ဆီရဲ့ သွင်းဂိုးအရေအတွက်ကို လိုက်မီသွားပြီဖြစ်ပါတယ်။
ဒီပွဲမှာအနိုင်ရတဲ့ပြင်သစ်အသင်းဟာ နောက်တဆင့် ရှုံးထွက် ၁၆ သင်းအဆင့်မှာ ဂျာမနီကို အနိုင်ယူပြီးတက်လာတဲ့ ပါရာဂွေးအသင်းနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။











