
အီရန်ဘောလုံးအသင်းဟာ ကမ္ဘာ့ဖလား နောက်ဆုံးအုပ်စုပွဲအတွက် အမေရိကန်ကို ဝင်ခွင့် စည်းကမ်းချက်တွေ ပြောင်းလဲရရှိခဲ့ပါတယ်။
အမေရိကန်ပြည်တွင်းလုံခြုံရေးဌာနက အီရန်အသင်းကို အီဂျစ်နဲ့ ကစားမဲ့ နောက်ဆုံးပွဲမတိုင်ခင် ၂ ရက်အလိုကတည်းက ဆီရယ်တဲလ်မြို့ကို သွားရောက်ခွင့်ပြုခဲ့တာပါ။ ဒါပေမဲ့ ပွဲပြီးတာနဲ့ မက္ကဆီကို က အခြေစိုက်စခန်း တီဂျူအာနာကို ပြန်သွားရဦးမှာ ဖြစ်ပါတယ်။
ဒီလိုပြောင်းလဲမှုဟာ အီရန်ဘောလုံးအဖွဲ့ချုပ်က အမေရိကန်မှာ မတရားဆက်ဆံခံရတယ်ဆိုပြီး ဖီဖာကို တရားဝင်တိုင်ကြားဖို့ စီစဉ်ခဲ့တာကြောင့်ပါ။
နည်းပြ အာမီယာဂါလန်နိုအီကလည်း သူ့အသင်းဟာ ပြိုင်ပွဲမှာ အဖိနှိပ်ခံရဆုံးအသင်းဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
ပြင်ဆင်ချိန်တွေ ဆုံးရှုံးခဲ့ရပြီး လိုအပ်တဲ့ လေ့ကျင့်ချိန်ရဲ့ တဝက်တောင် မရခဲ့ဘူးလို့ နည်းပြက ဆိုပါတယ်။
အသင်းအနေနဲ့ ကွင်းပြင်ပ စိန်ခေါ်မှုများစွာ ရင်ဆိုင်ခဲ့ရကြောင်းလည်း သူက ဖွင့်ဟခဲ့ပါတယ်။ ဘောလုံးအတွက်လာတာဖြစ်ပြီး နိုင်ငံရေးအတွက် မဟုတ်ဘူးလို့လည်း နည်းပြက ထပ်လောင်းပြောခဲ့ပါတယ်။
Photo:Reuters










