
ပြင်သစ်တိုက်စစ်မှူး ကီလီယန်ဘာပေဟာ ၂၀၁၆ ခုနှစ်က လီဗာပူးအသင်းဆီ ပြောင်းရွှေ့ဖို့ အလွန်နီးစပ်ခဲ့တယ်လို့ ဖွင့်ဟ ပြောဆိုလိုက်ပါတယ်။
အဲဒီအချိန်က သူဟာ မိုနာကိုအသင်းမှာ ကစားနေတာဖြစ်ပြီး လီဗာပူးနည်းပြဟောင်း ဂျာဂန်ကလော့ပ်က သူ့ကိုခေါ်ယူဖို့ အပြင်းအထန် ကြိုးစားခဲ့တာပါ။ ဒါပေမဲ့ ဘာပေဟာ သူ့ရဲ့မွေးရပ်မြေ ပါရီမြို့က ပီအက်စ်ဂျီအသင်းဆီ ပြောင်းရွှေ့ဖို့သာ ဆုံးဖြတ်ခဲ့ပါတယ်။
ဘာပေရဲ့ မိခင်ဖြစ်သူဟာ အန်ဖီးလ်ကွင်းကို သဘောကျခဲ့သလို နည်းပြကလော့ပ်ရဲ့ ပရိသတ်တယောက်လည်း ဖြစ်တယ်လို့ ပြောပါတယ်။
ကလော့ပ်ဟာ ဘာပေရဲ့မိသားစုကို ကိုယ်ပိုင်လေယာဉ်နဲ့ ခေါ်ယူပြီး စည်းရုံးခဲ့ဖူးကြောင်း ဆိုခဲ့ပါတယ်။
ဘာပေကတော့ သူ့ရဲ့မွေးရပ်မြေမှာ စတားတယောက် ဖြစ်လာဖို့အတွက် ပီအက်စ်ဂျီကို ရွေးချယ်ခဲ့တာလို့ ဆိုပါတယ်။











