
မန်ချက်စတာယူနိုက်တက်အသင်းဟာ အသက် ၁၅ နှစ်အရွယ် လူငယ်တိုက်စစ်မှူး ဂျေဂျေဂါဘရီယယ်ကို ဒီရာသီ တရားဝင်အသင်းဓာတ်ပုံမှာ ထည့်သွင်းထားပါတယ်။
ဒါပေမဲ့ သူ့အနေနဲ့ အိုးထရက်ဖို့ဒ်ကနေ ထွက်ခွာချင်တဲ့ဆန္ဒ ပြောင်းလဲခြင်း မရှိသေးဘူးလို့ ဆိုပါတယ်။
အသင်းဘက်က သူ့ကို ထိန်းသိမ်းဖို့ အကြိမ်ကြိမ် ကြိုးစားနေပေမဲ့ အဆင်မပြေသေးပါဘူး။ ဂါဘရီယယ်ဟာ ဆာဘာအက်ဖ်ကေနဲ့ ချန်ပီယံလိဂ်ပွဲမှာ ပါဝင်ခွင့်မရတာကြောင့် အသင်းကနေ ထွက်ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။
လက်ရှိမှာ ရီးရဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာတို့က သူ့ကို ခေါ်ယူဖို စိတ်ဝင်စားနေကြပါတယ်။ ဂါဘရီယယ်ဟာ အခုအခါ စပိန်မှာ သီးသန့်လေ့ကျင့်ရေးဆင်းနေပြီး အနာဂတ်အတွက် စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။










