DVB Logo
Home
နိုင်ငံတကာ
ဆီးရီးယားသမ္မတဟောင်း အာဆတ်ကို မျက်ကွယ်သေဒဏ်ချမှတ်မှု ပြည်သူများကြိုဆို
DVB
·
August 12, 2026
Photo: Reuters
Photo: Reuters
Donate to DVB

ဆီးရီးယားနိုင်ငံမှာ ၁၄ နှစ်နီးပါးကြာ ဖြစ်ပွားခဲ့တဲ့ စစ်ပွဲအတွင်း လူသတ်မှု၊ ညှဉ်းပန်းနှိပ်စက်မှုနဲ့ တရားမဝင် ဖမ်းဆီးမှုတွေ အပါအဝင် ရာဇဝတ်မှုတွေနဲ့ စွပ်စွဲပြီး ပြုတ်ကျသွားတဲ့ ဆီးရီးယားသမ္မတ ဘာရှား အယ်လ်အာဆတ်နဲ့ သူ့လက်အောက်ရှိ အုပ်ချုပ်ရေးအရာရှိတွေကို ဩဂုတ် ၁၁ ရက်မှာ တရားရုံးက မျက်ကွယ်တရားစီရင်ပြီး သေဒဏ်ချမှတ်လိုက်ပါတယ်။

သေဒဏ်ချမှတ်မှု သတင်းထွက်ပေါ်လာပြီးနောက် ဒမတ်စကပ်စ် တရားစီရင်မှုနန်းတော် အပြင်ဘက်မှာ ပြည်သူတွေ စုဝေးပြီး ကြွေးကြော်သံတွေအော်၊ လက်ခုပ်တီးကာ ဆီးရီးယားအလံတွေကို ဝှေ့ယမ်းခဲ့ကြသလို အိဒလစ်ဘ်မြို့ရဲ့ လမ်းတွေပေါ်မှာလည်း ထွက်ပြီး အောင်ပွဲခံခဲ့ကြပါတယ်။

အစိုးရရှေ့နေတယောက်ကတော့ ဒီပြစ်ဒဏ်ဟာ “ခေတ်သစ် ဆီးရီးယားရဲ့ ကူးပြောင်းရေးကာလ တရားမျှတမှုဆီသွားတဲ့ လမ်းကြောင်းပေါ်က အရေးပါတဲ့ ခြေလှမ်းတလှမ်း” လို့ ပြောကြားခဲ့ပါတယ်။

ဒါဟာ အာဆတ်အပေါ် ပထမဆုံးအကြိမ် ဆီးရီးယားရဲ့ ပြစ်ဒဏ်ချမှတ်မှုဖြစ်ပြီး သူ့ရဲ့မိသားစု အုပ်ချုပ်မှုကိုရော ရာနဲ့ချီတဲ့ ဆီးရီးယားပြည်သူတွေကို သေဆုံးစေခဲ့တဲ့ ရက်စက်လှတဲ့ စစ်ပွဲကိုပါ အဆုံးသတ်စေခဲ့တဲ့ ၂၀၂၄ ဒီဇင်ဘာ သူပုန်တွေရဲ့ ထိုးစစ်အတွင်းမှာ အာဆတ် ရာထူးက ပြုတ်ကျခဲ့တာ ဖြစ်ပါတယ်။

အင်္ဂါနေ့က ပြုလုပ်တဲ့ ဆီးရီးယားအစိုးရ အရာရှိဟောင်းတွေရဲ့ တရားခွင်မှာ တရားသူကြီးက သမ္မတဟောင်း အာဆတ်အပေါ် “ကလေးသူငယ်တွေ အပါအဝင် လူတဦးထက်မက ကြိုတင်ကြံစည် သတ်ဖြတ်မှု၊ ညှဉ်းပန်းနှိပ်စက်မှု၊ တရားမဝင် ဖမ်းဆီးမှုနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ” နာမည်နဲ့ သေဒဏ်ချမှတ်ခဲ့ပါတယ်။

ဒါ့အပြင် ဆန္ဒပြမှုတွေကို ဖြိုခွင်းတာ၊ အာဆတ်အတွက် ဆီးရီးယားနယ်မြေတွေကို ပြန်သိမ်းပိုက်ပေးတာတွေ လုပ်ဆောင်ခဲ့သလို အာဆတ် ကြွယ်ဝချမ်းသာဖို့ မူးယစ်ဆေးဝါး ထုတ်လုပ်ဖြန့်ဖြူးမှုကို ဦးဆောင်ခဲ့တယ်လို့ စွပ်စွဲခံထားရသူ၊ ကြောက်စရာကောင်းတဲ့ အမှတ် ၄ သံချပ်ကာတပ်မကို ဦးစီးခဲ့သူ အာဆတ်ရဲ့ညီမကိုလည်း မျက်ကွယ်တရားစီရင်ပြီး ဒီပြစ်ဒဏ်အတိုင်းပဲ သေဒဏ်ချမှတ်ခဲ့ပါတယ်။

ဒါ့ပြင် ၂၀၁၁ မှာ အာဆတ်ကို စတင်ဆန္ဒပြခဲ့ကြတဲ့ တောင်ပိုင်း ဒါရာပြည်နယ်က အာဆတ် လက်ထက် လုံခြုံရေးအရာရှိ အာသေ့ဖ် နာဂျီးဘ် ကိုလည်း သေဒဏ်ချမှတ်ခဲ့ပါတယ်။

အာဆတ်ရဲ့ ဝမ်းကွဲညီအစ်ကိုတော်စပ်သူ နာဂျီးဘ်ကိုတော့ ၂၀၂၅ အစောပိုင်းမှာ ဆီးရီးယား လုံခြုံရေးတပ်ဖွဲ့တွေက ဖမ်းဆီးခဲ့ပြီး စွပ်စွဲခံထားရသူတွေထဲမှာ လူကိုယ်တိုင် တရားရင်ဆိုင်ခဲ့ရတဲ့ တယောက်တည်းသောသူ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013