DVB Logo
Home
မြန်မာသတင်း
ဂျပန်နိုင်ငံတွင် ကျင်းပသည့် မြန်မာတိုင်းရင်းသား ယဉ်ကျေးမှုပွဲတော် (သတင်းဓာတ်ပုံ)
DVB
·
June 1, 2015
ဂျပန်နိုင်ငံတွင် ကျင်းပသည့် မြန်မာတိုင်းရင်းသား ယဉ်ကျေးမှုပွဲတော် (သတင်းဓာတ်ပုံ)
1 / 9
Donate to DVB

မြန်မာတိုင်းရင်းသား ယဉ်ကျေးမှုပွဲတော်ကို ဂျပန်နိုင်ငံ ယိုကိုဟားမားမြို့အနီး Tsurumi တက္ကသိုလ်ခန်းမမှာ မေ ၃၁ ရက်က ကျင်းပရာ နာမည်ကြီး အဆိုတော်တွေဖြစ်တဲ့ ကဗျာဘွဲ့မှူး၊ ဇမ်နူး အပါအ၀င် တိုင်းရင်းသား အဆိုတော်တွေနဲ့ တိုင်းရင်းသားယဉ်ကျေးမှု အနုပညာရှင်တွေ လာရောက်ဖျော်ဖြေသွားပါတယ်။

အထူးအစီအစဉ်အဖြစ် ဖက်ရှင်ဒီဇိုင်နာ ဆိုင်းလတ်နဲ့အတူ နာမည်ကြီး မော်ဒယ် အမ်ဆိုင်းလူ၊ လူလူအောင်နဲ့ ဂျပန်နိုင်ငံက မော်ဒယ်တွေက တိုင်းရင်းသားဝတ်စုံ ဖက်ရှင်ရှိုး အစီအစဉ်ကိုပါ တင်ဆက်သွားပါတယ်။

ပွဲတော်ကို ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ ဂျပန် အန်ဂျီအိုတွေဖြစ်တဲ့ JICA နဲ့ PEACE အဖွဲ့တို့က ကြီးမှူးကျင်းပခဲ့ပြီး ဂျပန်အာဏာရပါတီနဲ့ အတိုက်အခံပါတီတို့က အမတ်တွေ တက်ရောက်ဖွင့်လှစ်ပေးခဲ့ပါတယ်။

ဒီပွဲကရရှိတဲ့ ရန်ပုံငွေကိုတော့ ဂျပန်နိုင်ငံ ဆူနာမီဒဏ်ခံ မိဘမဲ့ကလေးတွေနဲ့ မြန်မာနိုင်ငံ တိုင်းရင်းသားဒေသက ဒုက္ခသည်ကလေးငယ်တွေကို ပေးပို့လှူဒါန်းသွားမှာ ဖြစ်ပါတယ်။

[gallery ids="95399,95400,95401,95402,95403,95404,95405,95406,95407"]

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013