DVB Logo
Home
မြန်မာသတင်း
အပစ်ရပ်စာချုပ် အတွက် ၉ ကြိမ်မြောက် ဒုတိယနေ့ ဆက်လက်ဆွေးနွေး (ဓာတ်ပုံ)
DVB
·
August 7, 2015
အပစ်ရပ်စာချုပ် အတွက် ၉ ကြိမ်မြောက် ဒုတိယနေ့ ဆက်လက်ဆွေးနွေး (ဓာတ်ပုံ)
1 / 5
Donate to DVB

ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ အဆင့်မြင့် ညှိနှိုင်းရေးကိုယ်စားလှယ်အဖွဲ့တို့ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် (အန်စီအေ) အတွက် ၉ ကြိမ်မြောက် အစည်းအဝေး ဒုတိယနေ့ကို မြန်မာငြိမ်းချမ်းရေးစင်တာမှာ ကျင်းပနေပါတယ်။

အားလုံးပါဝင်ရေးကိစ္စဟာ ငြိမ်းချမ်းရေးဖြစ်စဉ်အတွက် အရေးကြီးတဲ့အတွက် အစိုးရအနေနဲ့ မပစ်ပယ်ပါဘူးလို့ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက အစည်းအဝေး အဖွင့်မိန့်ခွန်းမှာ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

"All Inclusive ကိစ္စက ကျနော်တို့ ငြိမ်းချမ်းရေး ဖြစ်စဉ်အတွက် အရေးကြီးပါတယ်။ ဒါကို အစိုးရအနေနဲ့ မပစ်ပယ်ပါဘူး။ သမ္မတကြီးကလည်း ပြောထားပါတယ်။ ကျနော်တို့ ဖိတ်ခေါ်ခဲ့တဲ့ ၁၅ ဖွဲ့ ဆိုတာဟာ Bi-lateral ဆွေးနွေးပွဲတွေ ဆက်တိုက်ဆောင်ရွက်ခဲ့ကြပြီး သဘောတူညီမှု စာချုပ်ပေါင်း ၃၉ ခုကို လက်မှတ်ရေးထိုးထားခဲ့ပြီး ဖြစ်တဲ့အတွက် လက်တွေ့ဆန်ပြီး အန်စီအေကို ချက်ချင်းလိုက်နာဆောင်ရွက်နိုင်မယ့် အဖွဲ့တွေဖြစ်ပါတယ်။ ကျန်တဲ့အဖွဲတွေအနေနဲ့လည်း ဆက်လက်ပါဝင်နိုင်ဖို့ နည်းလမ်းတွေ ဆက်လက်ရှာသွားဖို့ အဆိုပြုတာဖြစ်ပါတယ်။ သမ္မတကြီးရဲ့ မူဝါဒကတော့ ပါဝင်သင့် ပါဝင်ထိုက်တဲ့သူတွေ နိုင်ငံရေးဆွေးနွေးပွဲမှာ၊ ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ ပါလာနိုင်ဖို့ တံခါးဖွင့်ထားရမယ်ဆိုတဲ့ မူဝါဒဖြစ်ပါတယ်။ မြန်မာပြည်ရဲ့ လက်နက်ကိုင်ပဋိပက္ခကို ဖြေရှင်းရမယ့် နိုင်ငံရေး ဆွေးနွေးပွဲမှာ ပါဝင်သင့် ပါဝင်ထိုက်သူ အင်အားစုပေါင်းစုံ  ပါဝင်ဖို့ လိုပါတယ်။ အစိုးရရဲ့ ချဉ်းကပ်မှုကတော့ All Inclusive အားလုံးပါဝင်ရေးကို လက်တွေ့ကျတဲ့ နည်းလမ်းတွေနဲ့ အဖြေရှာ ချဉ်းကပ်လိုပါတယ်။ ဘယ်အဆင့်မှာ ဘယ်သူတွေ ဘယ်လို ပါဝင်လာနိုင်ရေး ဆိုတာကို စဉ်းစားမလဲဆိုတဲ့ ချဉ်းကပ်မှု ဖြစ်ပါတယ်။" လို့ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ဆိုခဲ့တာပါ။

လေ့လာသူအဖြစ် ကမ္ဘာကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာနမ်ဘီယား၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့ အထူးကိုယ်စားလှယ် မစ္စတာ စန်ဂေါင်ဇင်းနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းအသီးသီးက ကိုယ်စားလှယ်တွေလည်း တက်ရောက်လာပါတယ်။

သတင်းဓာတ်ပုံ - ကျော်ဇေယျာဝင်း

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013