DVB Logo
Home
မြန်မာသတင်း
ပြည်တွင်းစစ် ချက်ချင်းရပ်ရေး တိုင်းရင်းသား တော်လှန်ရေးအဖွဲ့ ခေါင်းဆောင်များ တောင်းဆို
DVB
·
November 3, 2015
ပြည်တွင်းစစ် ချက်ချင်းရပ်ရေး တိုင်းရင်းသား တော်လှန်ရေးအဖွဲ့ ခေါင်းဆောင်များ တောင်းဆို
Donate to DVB

ပြည်တွင်းစစ်ကို ချက်ချင်းရပ်ပြီး နိုင်ငံရေးနည်းနဲ့ ဖြေရှင်းပေးဖို့ ၀ ထိန်းချုပ်နယ်မြေ ပန်ဆန်းမှာ ကျင်းပနေတဲ့ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့ ခေါင်းဆောင်တွေရဲ့ ဒုတိယအကြိမ် ထိပ်သီးစည်းဝေးပွဲမှာ တောင်းဆိုလိုက်ပါတယ်။

နိုဝင်ဘာ ၁ ရက်နေ့ကစပြီး ၀နယ်မြေမှာ ကျင်းပနေတဲ့ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့ ခေါင်းဆောင်တွေရဲ့ ဒုတိယအကြိမ် ထိပ်သီးစည်းဝေးပွဲမှာ တက်ရောက်လာတဲ့ တိုင်းရင်းသားတွေက တောင်းဆိုလိုက်တာဖြစ်ပြီး ရွေးကောက်ပွဲပြီးလို့ ထွက်ပေါ်လာမယ့် အစိုးရနဲ့ ဆက်လက်ဆွေးနွေးသွားမယ်လို့ ယူဒဗလျူအက်စ်အေရဲ့ ပြင်ပဆက်ဆံရေး တာဝန်ခံ ဦးကျောက်ကော်အန်းက ဒီဗွီဘီကို ပြောပါတယ်။

“ဒီနေ့မနက် ဆွေးနွေးပြီးခဲ့တာ ဆိုလို့ရှိရင် တိုင်းပြည်ရဲ့ ဒီလာမယ့်ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတတဲ့ ကမ္ဘာ့ကုလသမဂ္ဂရဲ့ ကြီးကြပ်မှုအောက်မှာ ဆောင်ရွက်နေတယ် ဆိုလို့ရှိရင်တော့ ကောင်းပါတယ်။ ကျနော်တို့ အဲဒါကိုလည်း လက်ခံတယ်။ နောက်ထွက်လာမယ့် အစိုးရအသစ်ဟာ ကျနော်တို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေက ပူးပေါင်းပြီးနောက်မှာ ရှေ့ဆက်ရမယ့် ဆွေးနွေးပွဲတွေလုပ်မယ်။ လောလောဆယ်တော့ ပြည်တွင်းစစ် ချက်ချင်းရပ်စဲရေး၊ ချက်ချင်းရပ်ပြီးနောက်မှာ နိုင်ငံရေးနည်းနဲ့ ပြည်တွင်းကိစ္စကို ဖြေရှင်းပါလို့ပဲ ပါပါတယ်။”

‘၀’ ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် စစ်ဦးစီးချုပ်နဲ့ ပါတီဥက္ကဋ္ဌ ဦးပေါက်ယူချန်းကတော့ ရွေးကောက်ပွဲအလွန် ထွက်ပေါ်လာမယ့် မည်သည့်ပါတီက ဖွဲ့စည်းတဲ့ အစိုးရသစ်နဲ့မဆို တနိုင်ငံလုံး ငြိမ်းချမ်းရေးဆွေးနွေးပွဲ အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်သွားဖို့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ထိပ်သီးစည်းဝေးပွဲ အဖွင့်မိန့်ခွန်းမှာ ပြောကြားခဲ့ပါတယ်။

တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့ ခေါင်းဆောင်များရဲ့ ဒုတိယအကြိမ် ထိပ်သီးစည်းဝေးပွဲမှာ ၀’ ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (ယူဒဗလျူအက်စ်အေ)၊ ကချင်လွတ်လပ်ရေးတပ်မတော် (ကေအိုင်အို)၊ ကိုးကန့်မဟာမိတ်တပ်ဖွဲ့ (အမ်အန်ဒီအေအေ)၊ မွန်ပြည်သစ်ပါတီ (အန်အမ်အက်စ်ပီ)၊ ရခိုင်တပ်မတော် (အေအေ)၊ ရှမ်းပြည်တပ်မတော် မြောက်ပိုင်း (အက်စ်အက်စ်ပီပီ/အက်စ်အက်စ်အေ)၊ ကရင်အမျိုးသားအစည်းအရုံး လက်အောက်ခံ ကရင်အမျိုးသားကာကွယ်ရေးတပ်မတော် (ကေအန်ဒီအို)၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (ကေအန်ပီပီ)၊ တအာင်း (ပလောင်) တပ်မတော် (ပီအက်စ်အယ်လ်အက်ဖ်)၊ ရှမ်းပြည်အရှေ့ဘက် မဟာမိတ်တပ်ဖွဲ့ (အန်ဒီအေအေ) နဲ့ ကယန်းပြည်သစ်ပါတီ စတဲ့အဖွဲ့ ၁၁ ဖွဲ့က ကိုယ်စားလှယ် ၄၁ ဦး တက်ရောက်ခဲ့ပြီး လေ့လာသူအနေနဲ့ ၁၃ ဦး တက်ရောက်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013