DVB Logo
Home
နိုင်ငံတကာ
ထရမ့်ပ်၏ ပို့စ်များအား ပိုမြန်စွာ ကြည့်ရှုခွင့်ရရန် ကုမ္ပဏီများ Truth Social ကို ငွေပေးချေ
DVB
·
October 29, 2026
Photo: Reuters
Photo: Reuters
Donate to DVB

ဘလွန်းဘတ်နဲ့ ကုန်သွယ်ရေးကုမ္ပဏီတွေဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ Truth ဆိုရှယ်မီဒီယာတွေက ပို့စ်တွေကို တခြားအသုံးပြုသူတွေထက် ပိုမြန်ပြီး ကြည့်ခွင့်ရအောင် ငွေပေးချေရတယ်လို့ ရိုက်တာက ဖော်ပြပါတယ်။

ထရမ့်ပ်ပိုင်တဲ့ Truth ဆိုရှယ်မီဒီယာမှာ သမ္မတရဲ့ ပို့စ်တွေကို မြန်မြန်ဆန်ဆန် ကြည့်ခွင့်ရဖို့ သတင်းနဲ့ ဒေတာ အချက်အလက်တွေဖော်ပြတဲ့ ဘလွန်းဘတ်နဲ့ wall street က ကုမ္ပဏီ ၂ ခုဟာ signed up လုပ်ပြီး ကြည့်ရှုနေတာ ဖြစ်ပါတယ်။

Truth ဆိုရှယ်မီဒီယာကလည်း သတင်းစောစော ဖတ်ချင်သူတွေအတွက် ရောင်းချရမှုက တလကို ဒေါ်လာ ၁၀၀,၀၀၀ အထိရှိတယ်လို့ အတွင်းလူတွေရဲ့ စကားကို ကိုးကားပြီး ရိုက်တာက ဖော်ပြပါတယ်။

Truth ဆိုရှယ်မီဒီယာကနေ သတင်းတွေ ပိုပြီး မြန်မြန်ဖတ်ခွင့်ရဖို့ ဝယ်ယူတဲ့ ကုမ္ပဏီ ၂ ခုက ဆပ်ကွီဟာနား အင်တာနေရှင်နယ်ဂရုနဲ့ ဂျမ့်ကုန်သွယ်ရေးကုမ္ပဏီတို့ပဲ ဖြစ်ပါတယ်။

အဲဒီ ကုမ္ပဏီ ၂ ခုစလုံးဟာ ကုန်သွယ်ရေးတွေမှာ အလိုအလျောက်ဆောင်ရွက်တဲ့ နည်းဗျူဟာတွေနဲ့ အယ်ဂိုရစ်သမ်တွေကို သုံးတဲ့ ကုန်သွယ်ရေး လုပ်ငန်းတွေပဲ ဖြစ်ပါတယ်။

သူတို့ကတော့ Truth Social မှာ သမ္မတရဲ့ ပို့စ်တွေကို ပိုမြန်တဲ့နှုန်းနဲ့ ဝယ်ယူဖတ်ရှုနေတယ်ဆိုတဲ့ သတင်းကို ဘလွန်းဘတ်နည်းတူ မှတ်ချက်ပေးဖို့ ငြင်းဆိုထားပါတယ်။

Truth မှာရှိတဲ့ ငွေပေးရတဲ့ ဝန်ဆောင်မှုမှာ သာမန်လူတယောက်က App ကို အဆက်မပြတ် စောင့်ကြည့်နေတာထက် ထရမ့်ပ်ရဲ့ ပို့စ်တွေကို ပိုပြီး မြန်ဆန်စွာ ဖတ်ရှုနိုင်အောင် လုပ်ဆောင်ပေးထားတာ ဖြစ်ပါတယ်။

ထရမ့်ပ်ရဲ့ မီဒီယာအရာရှိတွေရဲ့ အဆိုအရ ငွေပေးပြီး ဝယ်ယူသူတွေဟာ အချိန် မီလီစက္ကန့် ၅၀ စောပြီး ဖတ်ရှုခွင့်ရမယ်လို့ ဆိုထားပါတယ်။

သမ္မတ တယောက်ရဲ့ ပို့စ်တွေက ပိုင်ဆိုင်မှု တန်ဖိုးတွေကို အပြောင်းအလဲ လုပ်ပေးနိုင်တာကြောင့် ကုန်သွယ်ရေးကုမ္ပဏီတွေနဲ့ ဘဏ္ဍာရေးနဲ့ အချက်အလက် အဖွဲ့အစည်းတွေအတွက် အကျိုးအမြတ် ရှိစေနိုင်ပါတယ်။

ဧပြီလတုန်းက အီရန်စစ်ပွဲ အပစ်ရပ်မယ်လို့ Truth ဆိုရှယ်မီဒီယာမှာ ထရမ့်ပ် ကြေညာခဲ့ချိန်က သူ့ရဲ့ပို့စ် ဈေးကွက်အခြေအနေကို ပြောင်းလဲစေနိုင်တဲ့အကြောင်း ရိုက်တာက ဥပမာပေး ဖော်ပြပါတယ်။

ထရမ့်ပ်မီဒီယာနဲ့ နည်းပညာကုမ္ပဏီဟာ ဇူလိုင်လက သတင်းတွေ မြန်မြန်ဖတ်နိုင်တဲ့ ထုတ်ကုန်ကို ကြေညာခဲ့ပြီး ကုန်သွယ်ရေးနဲ့ ဘဏ္ဍာရေးဆိုင်ရာ လုပ်ငန်းတွေကို  ပစ်မှတ်ထားခဲ့ပါတယ်။

ဒါဟာ တာဝန်ထမ်းဆောင်ဆဲ သမ္မတ တယောက်က ထုတ်ပြန်ချက်တွေကို စီးပွားရေးဆန်ဆန် ရောင်းချတဲ့ ပထမဆုံး အဖြစ်အပျက်ဖြစ်ပြီး ကျင့်ဝတ်နဲ့ မညီဘူးလို့လည်း တချို့က ဝေဖန်ကြပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013