DVB Logo
Home
မြန်မာသတင်း
မော်လမြိုင်ကျွန်းတွင် စက်သုံးဆီ တရားမဝင်ရောင်းချမှုဖြင့် အရပ်သား ၂ ဦး ဖမ်းဆီးခံရ
DVB
·
May 22, 2026
မော်လမြိုင်ကျွန်းတွင် စက်သုံးဆီ တရားမဝင်ရောင်းချမှုဖြင့် အရပ်သား ၂ ဦး ဖမ်းဆီးခံရ
1 / 2
တရားမဝင်စက်သုံးဆီရောင်မှုဖြင့် အဖမ်းခံသူများ (Photo: Taw Win, KKL)
Donate to DVB

ဧရာဝတီတိုင်း၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်မှာ တရားမဝင် စက်သုံးဆီ ရောင်းချမှုနဲ့ အရပ်သား အမျိုးသား ၂ ယောက်ကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

မော်လမြိုင်ကျွန်းမြို့နယ်၊ ဂျုံးဂျုံးဂျကျေးရွာက အသက် ၅၄ နှစ်အရွယ် ဦးသန်းနိုင်နဲ့ အမှတ် ၉ ရပ်ကွက်က အသက် ၄၁ နှစ်အရွယ် ကိုနိုင်လင်းထိုက်တို့ကို တရားမဝင် စက်သုံးဆီ သိုလှောင် ဖြန့်ဖြူးရောင်းချမှုနဲ့ မေ ၁၈ ရက်မှာ ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတယောက်က “အကြမ်းဖက်သမားတွေလိုပဲ ဆိုင်တွေကို အတင်း ဝင်ရောက် စီးနင်း ဖမ်းခဲ့တာ။ မော်လမြိုင်ကျွန်းမြို့မရဲစခန်းက ရဲတပ်ဖွဲ့ဝင်တွေနဲ့ ကျိုက်ပိနယ်မြေရဲစခန်းက ရဲတွေက ဖမ်းခဲ့တာ” လို့ ပြောပါတယ်။

အဖမ်းခံရတဲ့ ဦးသန်းနိုင်ကို ဒီဇယ် ၄၅ ဂါလန်ပါတဲ့ ပေပါ ၁၈ လုံး၊ အဖြူရောင်ဆီပန့် ၁ လုံး၊ ဓာတ်ဆီ ၄၅ ဂါလန်ပါတဲ့ ပေပါ ၁၅ လုံးနဲ့ အတူဖမ်းမိခဲ့သလို အမှတ် ၉ ရပ်ကွက်က ကိုနိုင်လင်းထိုက် ကိုလည်း ရိုးရိုးဒီဇယ် ၄၅ ဂါလန်ပါတဲ့ ပေပါ ၁၀ လုံး၊ ဓာတ်ဆီ ၄၅ ဂါလန်ပါတဲ့ သံပေပါ ၅ လုံးနဲ့အတူ ဖမ်းဆီးခဲ့တာလို့ သိရပါတယ်။

ကိုနိုင်လင်းထိုက်ကို မော်လမြိုင်ကျွန်းမြို့နယ်၊ ကျိုက်ပိနယ်မြေ ရဲစခန်းက (ပ) ၁၄/၂၀၂၆၊ ရေနံနဲ့ ရေနံထွက်ပစ္စည်းဆိုင်ရာ ဥပဒေပုဒ်မ ၃၇ နဲ့ အမှုဖွင့် အရေးယူထားသလို ဦးသန်းနိုင်ကို မော်လမြိုင်ကျွန်းမြို့မရဲစခန်းက (ပ) ၄၆/ ၂၀၂၆၊ ရေနံနဲ့ရေနံထွက်ပစ္စည်းဆိုင်ရာ ဥပဒေ ပုဒ်မ ၃၇ နဲ့ အမှုဖွင့် ဖမ်းဆီးထားပါတယ်။

 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013