မန်စီးတီးဟာ အိမ်ကွင်းမှာ ရီးရဲလ်မက်ဒရစ်ကို (၂-၁) ဂိုးနဲ့ ထပ်မံအရေးနိမ့်ခဲ့ပြီး နှစ်ကျော့ပေါင်း (၅-၁) ဂိုး ရလဒ်နဲ့ ချန်ပီယံလိဂ်ကနေ ထွက်ခွာခဲ့ရပါတယ်။
ပွဲစောစောမှာတင် ဘာနာဒိုဆေးလ်ဗား အနီကတ်ပြ ထုတ်ပယ်ခံရပြီး ပင်နယ်တီပေးလိုက်ရတာက စီးတီးအတွက် အိပ်မက်ဆိုး ဖြစ်ခဲ့တာပါ။
ဗီနီစီးယပ်စ်က ရီးရဲလ်အတွက် အဖွင့်ဂိုးနဲ့ ပွဲသိမ်းဂိုးတွေ သွင်းယူခဲ့ပြီး ဟာလန်းက ချေပဂိုးတဂိုး ပြန်သွင်းနိုင်ခဲ့ပေမဲ့ ၁၀ ယောက်အင်အားနဲ့ ရီးရဲလ်ကို မယှဉ်နိုင်ခဲ့ပါဘူး။
ဒီပွဲရှုံးနိမ့်မှုဟာ ဂွါဒီယိုလာအတွက် မန်စီးတီးနည်းပြဘဝ နောက်ဆုံးချန်ပီယံလိဂ်ပွဲစဉ် ဖြစ်သွားနိုင်သလို လက်ရှိ ပရီးမီးယားလိဂ်မှာလည်း အာဆင်နယ်ကို ၉ မှတ်အထိ အဖြတ်ခံထားရလို့ အကျပ်ရိုက်နေပါတယ်။
မန်စီးတီးအတွက် အခု အနီးစပ်ဆုံး မျှော်လင့်ချက်ကတော့ လာမဲ့ တနင်္ဂနွေနေ့မှာ အာဆင်နယ်နဲ့ ကစားရမယ့် Carabao Cup ဗိုလ်လုပွဲပဲ ဖြစ်ပါတယ်။










