DVB Logo
Home
နိုင်ငံတကာ
ဟန်ဂေရီ၌ နိုင်ငံပိုင်မီဒီယာကို ရပ်ဆိုင်းပြီး စာနယ်ဇင်းလွတ်လပ်ခွင့် အပြည့်အဝရမည်ဟု အာမခံ
DVB
·
April 16, 2026
Photo: Reuters
Photo: Reuters
Donate to DVB

ဟန်ဂေရီနိုင်ငံမှာ ရွေးကောက်ပွဲအနိုင်ရရှိထားတဲ့ ပီတာမာဂျာက သူ့အစိုးရအဖွဲ့ အာဏာရလာတဲ့အခါ နိုင်ငံပိုင်မီဒီယာ ထုတ်လွှင့်မှုတွေကို ခေတ္တရပ်ဆိုင်းပြီးတော့ မီဒီယာဥပဒေအသစ်တရပ်ကို အတည်ပြုသွားမှာဖြစ်ပေမဲ့ သတင်းလွတ်လပ်ခွင့်ကိုတော့ အပြည့်အဝ အာမခံသွားမယ်လို့ ဧပြီ ၁၅ ရက်မှာ ထပ်မံ အတည်ပြုလိုက်ပါတယ်။

မာဂျာက သူ့အစိုးရရဲ့ ပထမဆုံး လုပ်ဆောင်ချက်တွေထဲက တခုဟာ မျှတပြီး ဘက်လိုက်မှုမရှိတဲ့ သတင်းတင်ဆက်မှုတွေ သေချာပေါက် လုပ်ဆောင်နိုင်တဲ့အထိ နိုင်ငံပိုင်မီဒီယာတွေကို ရပ်ဆိုင်းထားဖို့ ဖြစ်တယ်လို့ ဧပြီ ၁၃ ရက် မိန့်ခွန်းထဲမှာ ပြောပါတယ်။

မျှမျှတတဖြစ်အောင် တခြားပါတီတွေကိုလည်း ပါဝင်ခွင့်ပေးပြီး လွတ်လပ်တိကျတဲ့ သတင်းထုတ်လွှင့်မှုကို အာမခံနိုင်မဲ့ ကော်မတီတရပ် ဖွဲ့စည်းချင်ပါတယ်လို့ ဘူဒါပက်စ်မှာ မာဂျာက ပြောဆိုခဲ့ပါတယ်။

အဲဒီလို လုပ်ခြင်းအားဖြင့် အာဏာရပါတီနဲ့ အတိုက်အခံပါတီဝင်တွေ နှစ်ဖက်စလုံး မီဒီယာပေါ်မှာ သူတို့ရဲ့ အမြင်တွေကို တန်းတူဆွေးနွေးခွင့် ရရှိနိုင်မယ်လို့ ဆိုပါတယ်။

ဝေဖန်သူတွေက အာဏာကနေ ဆင်းတော့မဲ့ ဝန်ကြီးချုပ် ဗစ်တာအော်ဘန် လက်ထက်မှာ နိုင်ငံပိုင်မီဒီယာတွေဟာ အစိုးရရဲ့ ပါးစပ်အငှား အဖြစ်သာ ထမ်းဆောင်ခဲ့ရတာ ဖြစ်ပါတယ်။

အော်ဘန်ဟာ သူ့ရဲ့ ဖီးဒက်စ်ပါတီနဲ့ နီးစပ်သူတွေကို ပုဂ္ဂလိကမီဒီယာတွေကိုပါ ထိန်းချုပ်ခိုင်းပြီး လွတ်လပ်တဲ့ မီဒီယာကဏ္ဍကို ဖျက်ဆီးခဲ့တယ်လို့လည်း စွပ်စွဲခံခဲ့ရပြီး သူကတော့ ဒီအချက်ကို ငြင်းဆိုထားပါတယ်။

ဝန်ကြီးချုပ်ဟောင်း အော်ဘန်ရဲ့ အပြတ်အသတ် ရှုံးနိမ့်မှုကြောင့် မာဂျာဟာ ဟန်ဂေရီလွှတ်တော် အမတ်နေရာ ၁၉၉ နေရာထဲမှာ အင်အားကြီးတဲ့ မဲအများစုကို ရရှိခဲ့ပါတယ်။

ဒီလိုအနိုင်ရတာဟာ ဒီမိုကရေစီ စံနှုန်းတွေကို ထိခိုက်ပျက်ပြားစေတယ်ဆိုတဲ့ ဥရေပသမဂ္ဂက ဝေဖန်ထားတဲ့ စနစ်ဟောင်းတွေကို ပြုပြင်ပြောင်းလဲနိုင်မဲ့ လမ်းပွင့်သွားစေခဲ့ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013