
အဲဗာတန်နဲ့ ပွဲစဉ်အတွက် ပြင်ဆင်နေတဲ့ မန်ချက်စတာယူနိုက်တက် အသင်းရဲ့ ဗုဒ္ဓဟူးနေ့ လေ့ကျင့်ခန်း အစီအစဉ်မှာ တောင်ပံကစားသမား အာမက်ဒီယယ်လိုနဲ့ နောက်တန်းလူ မက်သီးယက်စ် ဒီလစ်ချ်တို့ ပါဝင်နိုင်ခြင်း မရှိခဲ့ပါဘူး။
ဒီယာလိုဟာ ဒဏ်ရာကနေ ပြန်လည်သက်သာဖို့ လုပ်ဆောင်နေရဆဲ ဖြစ်သလို ဒီလစ်ချ်ကလည်း ခါးဒဏ်ရာကနေ ပြန်ကောင်းလာဖို့အတွက် ကြံ့ခိုင်ရေး ထိန်းသိမ်းတဲ့ အစီအစဉ်အတိုင်း သီးသန့် လုပ်ဆောင်နေရတာပါ။
တဖက်မှာတော့ အပြောင်းအရွှေ့ ပိတ်ခါနီးအချိန်မှာ အသင်းကနေ ထွက်ခွာဖို့ သတင်းထွက်ခဲ့ပေမဲ့ မဖြစ်မြောက်ခဲ့တဲ့ ဂျိုရွှာဇီယက်ခ်ဇီးနဲ့ ဟာရီအားမက်စ်တို့ နှစ်ယောက်လုံး အသင်းနဲ့အတူ ပုံမှန် လေ့ကျင့်ခန်း ပြန်ဆင်းနေပြီ ဖြစ်ပါတယ်။
ဒါ့အပြင် အသက် ၁၅ နှစ်အရွယ် လူငယ်ကစားသမား ဂျေဂျေဂါဘရီယယ်လ် လည်း နည်းပြ မိုက်ကယ် ကားရစ်ရဲ့ ပထမအသင်း လူစာရင်းနဲ့အတူ အဲဗာတန်ပွဲအတွက် လေ့ကျင့်ခန်း ဆင်းရာမှာ ပါဝင်ခဲ့ပါတယ်။











