
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က အမေရိကန်ပြည်ထောင်စုပိုင် ဖြစ်သင့်တယ်လို့ အခိုင်အမာ ပြောဆိုထားပြီး ဒိန်းမတ်နိုင်ငံရဲ့ အာတိတ်နယ်မြေ ဂရင်းလန်းနဲ့ ပိုနီးကပ်တဲ့ ဆက်ဆံရေးအတွက် ဂရင်းလန်းမှာ ဥရောပသမဂ္ဂ (EU) ရဲ့ ရင်းနှီးမြှုပ်နှံမှု ယူရို သန်း ၂၀၀ နဲ့ ညီမျှတဲ့ ဒေါ်လာ ၂၃၂ သန်းတန် အစီအစဉ်တွေကို ဥရောပကော်မရှင်ဥက္ကဋ္ဌ အာဆူလာ ဗွန်ဒါလေယန်က စက်တင်ဘာ ၇ ရက်မှာ ထုတ်ဖော်ပြသခဲ့ပါတယ်။
ဂရင်းလန်းနဲ့ ဒိန်းမတ်အစိုးရတို့ကို ထောက်ခံကြောင်းပြဖို့ ဗွန်ဒါလေယန်က စက်တင်ဘာ ၆ ရက်မှာ ဂရင်းလန်းကျွန်းဆီ နှစ်ရက်ကြာ အလည်အပတ်ခရီးစဉ်နဲ့ ရောက်လာခဲ့တာပါ။
ကမ္ဘာ့အကြီးဆုံးကျွန်းကို ဝယ်ဖို့ ထရမ့်ပ်ရဲ့ မဲဆွယ်စည်းရုံးရေးကို သူတို့က ပြင်းပြင်းထန်ထန် ငြင်းဆန်ခဲ့ကြပါတယ်။
အဖွဲ့ဝင် ၂၇ နိုင်ငံပါ ဥရောပသမဂ္ဂရဲ့ အမှုဆောင်အဖွဲ့ အကြီးအကဲက EU ရန်ပုံငွေတွေဟာ ဒိန်းမတ်နိုင်ငံရဲ့ တစိတ်တပိုင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတခုဖြစ်တဲ့ ဂရင်းလန်းမှာရှိတဲ့ အရေးကြီးတဲ့ သတ္တုတွေ၊ ဂြိုဟ်တုဆက်သွယ်ရေးနဲ့ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် အပါအဝင် ကဏ္ဍ တွေကို အာရုံစိုက်မယ်လို့ ပြောခဲ့ပါတယ်။
ဗွန်ဒါ လေယန်ရဲ့ ခရီးစဉ်က အမေရိကန်၊ ရုရှား၊ တရုတ်နဲ့ ဥရောပတို့လို အဓိက အင်အားကြီး နိုင်ငံတွေအတွက် အာတိတ်ဒေသရဲ့ ပထဝီနိုင်ငံရေးအရ အရေးပါမှု တိုးလာတာကို ထင်ဟပ် စေပါတယ်။
ရေခဲတွေ အရည်ပျော်လာလို့ ဒေသတွင်းက သတ္တုကြွယ်ဝမှုကို ပိုရစေရေးနဲ့ သင်္ဘောလမ်းကြောင်း အသစ်တွေအတွက် လမ်းစတွေကို ဖွင့်လှစ်ပေးခဲ့ပါတယ်။
အမေရိကန်သမ္မတ ထရမ့်ပ်က အခုနှစ်မှာ အမေရိကန်-ဥရောပ ဆက်ဆံရေးအတွက် အကျပ်အတည်းနဲ့ အတ္တလန္တိတ်ဖြတ်ကျော် NATO စစ်ရေးမဟာမိတ်အဖွဲ့အတွင်း မငြိမ်မသက်မှု တွေကို ဖြစ်ပေါ်စေခဲ့ပြီး အမေရိကန်က ဂရင်းလန်းကို ထိန်းချုပ်ဖို့ တိုးမြှင့် တောင်းဆိုခဲ့ပါတယ်။
NATO အဖွဲ့ဝင် ဒိန်းမတ်နိုင်ငံက ဂရင်းလန်းကျွန်းကို ကာကွယ်နိုင်မှာ မဟုတ်ဘူးလို့လည်း ငြင်းခုံခဲ့ပါတယ်။
ဒိန်းမတ်နိုင်ငံဟာ EU အဖွဲ့ဝင်တနိုင်ငံ ဖြစ်ပေမဲ့ ဂရင်းလန်းက ၁၉၈၅ ခုနှစ်မှာ အဖွဲ့ကနေ ထွက်ခွာခဲ့ တာပါ။ ဒါပေမဲ့ ကျွန်းသားတွေက ဒိန်းမတ်နိုင်ငံသားတွေဖြစ်လို့ EU နိုင်ငံသားတွေလည်း ဖြစ်ပါတယ်။
EU ဟာ ငါးဖမ်းခွင့်အတွက် ပေးချေဖို့နဲ့ ပညာရေးစနစ်ကို ထောက်ပံ့ဖို့ အဓိကအားဖြင့် ဂရင်းလန်းကျွန်းဆီ ရန်ပုံငွေတွေ အကြာကြီး ထောက်ပံ့ပေးခဲ့ဖူးပါတယ်။
ယူရို သန်း ၂၀၀ တန် အစီအစဉ်ဟာ ရန်ပုံငွေ အများကြီး တိုးလာရုံသာမက EU ဆီက ငွေသားရမဲ့ ကဏ္ဍတွေကို တိုးချဲ့ပေးတာလို့ EU အရာရှိတွေက ပြောပါတယ်။
ကော်မရှင်က ဂရင်းလန်းအတွက် EU ရန်ပုံငွေကို လက်ရှိ ခုနစ်နှစ်ဘတ်ဂျက်မှာ ယူရို ၂၂၅ သန်းကနေ ၂၀၂၈-၂၀၃၄ ခုနှစ်အတွက် ယူရို သန်း ၅၃၀ အထိ နှစ်ဆကျော် တိုးမြှင့်ပေးဖို့ကိုလည်း အဆိုပြုထားပါတယ်။
Source: Reuters











