
အာဆင်နယ်အသင်းရဲ့ လူငယ်ကွင်းလယ်လူ မိုင်းလ်စ်လူးဝစ္စကယ်လီကို ခေါ်ယူဖို့ ချဲလ်ဆီးအသင်းက ထပ်မံစုံစမ်းမေးမြန်းနေတယ်လို့ ဗြိတိန်အားကစားသတင်းတွေက ဖော်ပြပါတယ်။
အာဆင်နယ်အသင်းက ဘရူနိုဂီမာရေ့စ်ကို ပေါင် ၇၅ သန်းနဲ့ ခေါ်ယူပြီးနောက်မှာ ချဲလ်ဆီးက အခုလို ထပ်မံချဉ်းကပ်လာတာပါ။
ဒါပေမဲ့ အာဆင်နယ်ဘက်ကတော့ လာမဲ့ရာသီမှာ ထိပ်ဆုံးနေရာတွေအတွက် အပြိုင်လုရမဲ့ မြို့ခံပြိုင်ဘက်အသင်းဆီကို ရောင်းချလိုခြင်း မရှိပါဘူး။
မန်ချက်စတာယူနိုက်တက်ကလည်း လူးဝစ္စကယ်လီကို စိတ်ဝင်စားနေပေမဲ့ ကွင်းလယ်လူ ဒါမှမဟုတ် ဘယ်နောက်ခံလူ ခေါ်ယူရေးအတွက် ဆုံးဖြတ်ရခက်နေဆဲ ဖြစ်ပါတယ်။
အာဆင်နယ်အသင်းအနေနဲ့ ဒီနွေရာသီမှာ ရည်မှန်းချက်ကြီးကြီး ထားရှိပေမဲ့ ကစားသမား တချို့ကိုတော့ မဖြစ်မနေ ရောင်းထုတ်သွားရဖွယ် ရှိနေပါတယ်။










