
အက်စတွန်ဗီလာအသင်းဟာ ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA) ရဲ့ ကစားသမားစရိတ်စည်းမျဉ်းကို သိသိသာသာ ချိုးဖောက်ခဲ့လို ယူရို ၂၂ သန်းခွဲ ဒဏ်ကြေးချမှတ်ခံရပါတယ်။
ဒါဟာ သူတို့အသင်း ဒုတိယအကြိမ်မြောက် ဒဏ်ကြေးချမှတ်ခံရတာပါ။ လာမဲ့ ရာသီ ချန်ပီယံလိဂ် ပြိုင်ပွဲအတွက် ကစားသမားစာရင်း မှတ်ပုံတင်ရာမှာလည်း ကန့်သတ်ခံရမှာ ဖြစ်ပါတယ်။
ဒဏ်ကြေးငွေထဲက ယူရို ၁၅ သန်းကတော့ ၂၀၂၆ မှာ စည်းမျဉ်းလိုက်နာမှုအပေါ် မူတည်ပြီး ရပ်ဆိုင်း ထားတာ ဖြစ်ပါတယ်။
ဒါ့အပြင် ချယ်လ်ဆီးအသင်း ယူရို ၃ သန်း၊ နော်တင်ဟမ်ဖောရက်စ်အသင်း ယူရို ၂ သန်းခွဲ၊ နယူးကာဆယ်အသင်း ယူရို ၃ သန်းစီ ဒဏ်ကြေးချမှတ်ခံရပါတယ်။
နယူးကာဆယ်ကတော့ ဘဏ္ဍာရေးစည်းမျဉ်းချိုးဖောက်မှုအတွက် ယူရို ၁၀ သန်း ထပ်မံ ပေးဆောင် ရပါတယ်။
တချို့အသင်းတွေက ဆက်စပ်ကုမ္ပဏီတွေကို အခြေခံအဆောက်အအုံတွေ ဒါမှမဟုတ် ကစားသမား တွေ ရောင်းချတာတွေ လုပ်ခဲ့တာပါ။
UEFA က ကစားသမားစရိတ် သုံးစွဲခွင့်ကို ဝင်ငွေ ၈၀ ရာခိုင်နှုန်းကနေ ၇၀ ရာခိုင်နှုန်းအထိ လျှော့ချထားတာလည်း ဖြစ်ပါတယ်။
Photo:Reuters











