DVB Logo
Home
မြန်မာသတင်း
မြန်မာမိုဘိုင်းဖုန်းသုံးစွဲသူများအကြား iPhone လူကြိုက်အများဆုံးဟု စစ်တမ်းထုတ်ပြန်
DVB
·
May 19, 2015
မြန်မာမိုဘိုင်းဖုန်းသုံးစွဲသူများအကြား iPhone လူကြိုက်အများဆုံးဟု စစ်တမ်းထုတ်ပြန်
1 / 3
Donate to DVB

ရန်ကုန်မြို့က  မိုဘိုင်းဖုန်းသုံးစွဲ သူတွေအကြားမှာ  iPhone ဟာ လူကြိုက်အများဆုံးနဲ့  ရေပန်းအစားဆုံး အမှတ်တံဆိပ်ဖြစ်တယ်လို့  မေ ၁၂ရက်က တုတ်ပြန်လိုက်တဲ့ ပြည်တွင်း စစ်တမ်း  တခုမှာဖော်ပြပါတယ်။

မြန်မာမိုဘိုင်းဖုန်းသုံးစွဲသူတွေရဲ့ အပြုအမှုစစ်တမ်းကို  Mileage Communications Myanmar  ကုမ္ပဏီက  ပြီးခဲ့တဲ့ ဧပြီ ၂၇ ရက်ကနေ ၃၀ အထိ ရန်ကုန်မှာ ကောက်ယူခဲ့ပြီး နောက် ဒီစစ်တမ်း ထုတ်ပြန်လိုက်တာပါ။

စစ်တမ်းအရ  မိုဘိုင်းဖုန်းသုံးစွဲသူတွေအကြား ၀ယ်ယူချင်ဆုံး အမှတ်တံဆိပ်တွေကတော့      iPhone၊ Samsung   နဲ့  Sony အမှတ်တံဆိပ်တွေဖြစ်ကြပါတယ်။

ရာခိုင်နှုန်းအားဖြင့်ဆိုရင်တော့  iPhone  ၀ယ်သုံးချင်သူ   ၁၂ ဒသမ ၉ ရာခိုင်နှုန်း၊  Samsung  က ၁၁ ဒသမ ၇ ရာခိုင်နှုန်း၊ Sony   က ၈ ဒသမ ၈ ရာခိုင်နှုန်းနဲ့ Vivo ကတော့   ၇ ရာခိုင်နှုန်း အသီးသီးရှိပါတယ်။

စစ်တမ်းအရ  မိုဘိုင်းဖုန်းသုံးစွဲသူတွေရဲ့ ၃၇ ဒသမ ၃ ရာခိုင်နှုန်းဟာ  Huawei သုံးပြီး   Samsung ကတော့ ၂၀ ဒသမ ၅ ရာခိုင်နှုန်း၊  Sony  က ၁၁ ဒသမ၂ ရာခိုင်နှုန်းနဲ့  ဈေးနှုန်း အလယ်အလတ်ရှိတဲ့ တရုတ်ဖုန်းတွေဖြစ်တဲ့ Oppo, Vivo နဲ့ Kenbo  တို့လည်း အရင်က ထက်ဝယ်သူသုံးစွဲသူ  သိသိသာသာတိုးလာတယ်လို့ ဆိုပါတယ်။

အသက်အရွယ်နဲ့ ကျားမကွဲပြားမှုအရ  မတူကွဲပြားမှုတွေ အနည်းငယ်ရှိပြီး အသက် ၂၅ နဲ့ ၂၉ အကြားမှာ   Samsung ကြိုက်နှစ်သက်သူ ၂၆ ဒသမ ၃ ရာခိုင်နှုန်းနဲ့  အများဆုံးရှိပြီး အမျိုးသမီး ၂၈ ဒသမ ၂ ရာခိုင်နှုန်း ဟာလည်း Samsung ကြိုက်သူ တွေဖြစ်တယ်လို့  စစ်တမ်းမှာ ဖော်ပြပါတယ်။

ဈေးနှုန်းနဲ့ ပတ်သက်လို့တော့  မိုဘိုင်းသုံးသူ ၃၃ ဒသမ ၃ ရာခိုင်နှုန်းဟာ မြန်မာကျပ်ငွေ ၁သိန်းကနေ ၂ သိန်း အထိကို ဖုန်းဝယ်ဖို့ တတ်နိုင်တဲ့ ဈေးနှုန်းအဖြစ်ယူဆကြပြီး   ၃၂  ဒသမ၇ ရာခိုင်နှုန်းကတော့ ကျပ် ငွေ ၂ သိန်းကနေ ၄ သိန်းအထိကို လက်ခံနိုင်ဖွယ် ဖုန်းဈေးနှုန်းလို့ သဘော ရကြောင်း စစ်တမ်းကဆိုပါတယ်။

မိုဘိုင်းသုံးသူ ၇၁ ဒသမ၃ ရာခိုင်နှုန်းဟာ  ဖေ့စ်ဘွတ်သုံးစွဲပြီး ၂၅ ဒသမ ၇ ရာခိုင်နှုန်း ကတော့ ဂျီမေးလ် အသုံးပြုကာ ၂၂ဒသမ၈ ရာခိုင်နှုန်းက ဂျီတော့အသုံးပြုတယ်လို့ ဆိုပါတယ်။  ထရီတာ ကတော့ သိပ်ရေပန်းမစားဘဲ မြန်မာမိုဘိုင်းဖုန်းသုံးသူတွေအကြားမှာ  သုံးစွဲသူ ၁၀ ဒသမ ၅ ရာခိုင်နှုန်းပဲရှိ တယ်လို့ဆိုပါတယ်။

ဖုန်းသုံးသူ  တ၀က်ကျော်ဟာ အင်တာနက်ကို တနေ့ ပျမ်းမျှ ၁နာရီကနေ ၂ နာရီလောက် အသုံးပြုကြပြီး  သုံးပုံတစ် ပုံလောက်ကတော့ တနေ့ တနာရီအောက်ပဲ အင်တာနက်သုံးကြတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ မိုဘိုင်းဖုန်းသုံးသူအရေအတွက်ဟာ ၂၀၁၅ မတ်လကုန်မှာ  ၁၈ ဒသမ ၁ သန်းထိ ရှိလာတယ်လို့  အစိုးရပြန်ကြားရေးတရားဝင် သတင်းထုတ်ပြန်ချက်အရသိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013