
ရန်ကုန်မြို့တွင်း ပြေးဆွဲနေတဲ့ YBS ဘတ်စ်ကားတစီး ဇူလိုင် ၃၀ ရက် ဒီမနက်အစောပိုင်းက သင်္ဃန်းကျွန်းမြို့နယ်ထဲမှာ မီးလောင်ခဲ့တယ်လို့ မြို့ခံသတင်းရင်းမြစ်တွေနဲ့ မီးသတ်တပ်ဖွဲ့ထံကနေ သိရပါတယ်။
ဒီမနက် ၆ နာရီ ၄၈ မိနစ်အချိန်က သင်္ဃန်းကျွန်းမြိုနယ်၊ စံပြဈေးအနီးရှိ ပြည်ထောင်စု ခုံးကျော် တံတားပေါ်မှာ YBS နံပါတ် 6 ယာဉ်လိုင်းက ဘတ်စ်ကားတစီး မောင်းနှင်နေစဉ် မီးလောင်း ကျွမ်းခဲ့တာပါ။
အဆိုပါ YBS ယာဉ်ဟာ လှိုင်သာယာမြို့နယ်နဲ့ ဒဂုံဆိပ်ကမ်းမြို့နယ်ကို ပြေးဆွဲတဲ့ မော်တော်ယာဉ် ဖြစ်ပြီး စံပြဈေးဘက်သို့ အတက်မှာ မီးလာင်ကျွမ်းခဲ့တာလို့ မျက်မြင်တွေ့သူတွေက ဆိုပါတယ်။
မျက်မြင်တွေ့သူတယောက်က "အုန်းကနဲ အသံတွေ မြည်ပြီး ထလောင်တာ။ ဂတ်စ်အိုးပေါက်တယ်နဲ့ တူပါတယ်။ လူတွေထိခိုက်ဒဏ်ရာရတာတာ့ မတွေ့ရဘူး"လို့ ပြောပါတယ်။
အဆိုပါ YBS မီးလောင်ကျွမ်းရာနေရာသို့ သင်္ဃန်းကျွန်းမြိုနယ်မီးသတ်စခန်းက မီးငြှိမ်းသတ်ယာဉ် ၂ စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ ထွက်ခွာငြှိမ်းသတ်ခဲ့ရာ မနက် ၆ နာရီ ၅၇ မိနစ်မှ မီးငြိမ်းသွား တယ်လို့ သိရပါတယ်။










