အင်္ဂလန်နည်းပြ တူချယ်ကတော့ ဟာရီမက်ဂွိုင်းယားအနေနဲ့ လာမဲ့ကမ္ဘာ့ဖလားလူစာရင်းမှာ ပါဝင်ဖို့ဆိုရင် တခြားကစားသမားတွေ ဒဏ်ရာရမှပဲ အခွင့်အရေးရှိမယ်လို့ သတိပေးလိုက်ပါတယ်။
မက်ဂွိုင်းယားဟာ ဥရုဂွေးနဲ့ပွဲမှာ အကောင်းဆုံးကစားသမားဆု ရခဲ့သလို မန်ယူမှာလည်း ခြေစွမ်းပြနေပေမဲ့ တူချယ်ကတော့ သူ့ထက် ရှေ့တန်းတင်ထားတဲ့ နောက်ခံလူ ၄ ယောက်အထိ ရှိနေတာပါ။ နည်းပြရဲ့ အစီအစဉ်မှာ ကွန်ဆာ၊ မာ့ခ်ဂူဟီ၊ ချာလိုဘာနဲ့ ဂျွန်စတုန်းစ်တိုက မက်ဂွိုင်းယားထက် ပိုပြီး ဦးစားပေးအဆင့်မှာ ရှိနေပါတယ်။
တဖက်မှာတော့ မန်စီးတီးမှာ ပွဲထွက်ခွင့်မရဘဲ ဒဏ်ရာခဏခဏရနေတဲ့ ဂျွန်စတုန်းစ်ကိုတော့ တူချယ်က အထူးအခွင့်အရေးပေးထားပြီး ကြံ့ခိုင်မှုပြည့်ဝနေရင် ကမ္ဘာ့ဖလားကို ခေါ်သွားမယ်လို ဆိုပါတယ်။
မက်ဂွိုင်းယားရဲ့ အတွေ့အကြုံနဲ့ အရည်အချင်းကို အသိအမှတ်ပြုပေမဲ့ သူ့ရဲ့ ကစားကွက်ပုံစံအရ တခြားကစားသမားတွေကိုပဲ ပိုသဘောကျတယ်လို တူချယ်က ပွင့်ပွင့်လင်းလင်း ပြောခဲ့တာ ဖြစ်ပါတယ်။










