
အာဖရိကတိုက်ကနေ ဆိုက်ပရပ်စ်ကျွန်းပေါ်ကို ဖုန်မှုန့်တွေ လွင့်လာတာကြောင့် ဧပြီ ၃ ရက်မှာ မြို့တော် နီကိုစီးယားကို ဆာဟာရဖုန်မှုန့်တွေ အလွှာထူထူကြီးနဲ့ ဖုံးလွှမ်းနေပါတယ်။
မြို့တော်တခွင်က အဆောက်အအုံတွေပေါ်မှာ ဖုန်မှုန့်တွေ ဖုံးအုပ်လွှမ်းခြုံနေပြီး လမ်းတွေပေါ်မှာ လည်း ဒေသခံတွေဟာ နှာခေါင်းစည်းတွေ တပ်ဆင်ပြီး သွားလာနေကြရပါတယ်။
ဆိုက်ပရပ်စ်သမ္မတနိုင်ငံ မိုးလေဝသဌာနကလည်း တကျွန်းလုံးမှာ လေထုအရည်အသွေး ဆိုးရွား သွားနိုင်တယ်လို့ သတိပေးထားပါတယ်။
ပြည်သူတွေ အထူးသဖြင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါအခံရှိသူတွေအနေနဲ့ လိုအပ်တဲ့ ကြိုတင်ကာကွယ်မှုတွေ လုပ်ထားကြဖို့ အသိပေးထားပါတယ်။
အရှေ့ဘက် မြေထဲပင်လယ်ရဲ့ တခြားဒေသတွေမှာလည်း ဒီဒဏ်ကို ခံနေရတာဖြစ်ပြီး ဧပြီ ၂ ရက် တုန်းကလည်း အလားတူ အာဖရိကဖုန်မှုန့်တွေကြောင့် ဂရိနိုင်ငံရဲ့ ခရိ(တ်)ကျွန်းပေါ်မှာ ကောင်းကင်ယံ တခုလုံး လိမ္မော်ရောင် ပြောင်းသွားခဲ့ပါတယ်။
Source: Reuters










