
အမေရိကန်-အစ္စရေးတို့နဲ့ အီရန်ကြား ပဋိပက္ခ ပိုပြင်းထန်လာချိန်မှာ ဂျာမန်စစ်သင်္ဘော FGS နော့သ်ရိုင်း- ဝက်စ်ဖှာလန်ဟာ မတ် ၈ ရက်မှာ ဆိုက်ပရပ်စ်နိုင်ငံ၊ လီမာဆိုးဆိပ်ကမ်းဆီ ရောက်လာခဲ့ပါတယ်။
ရေနံဈေးကွက်တွေကို လှုပ်ခတ်စေပြီး စီးပွားရေးလုပ်ငန်းတွေကို ထိခိုက်စေတဲ့အပြင် ကမ္ဘာလုံးဆိုင်ရာ ခရီးသွားလာမှုကို အနှောင့်အယှက် ဖြစ်စေတဲ့ ပဋိပက္ခကို အဆုံးသတ်ရေး ညှိနှိုင်းဖို့ စိတ်မဝင်စားဘူးလို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က Air Force One လေယာဉ်ပေါ်မှာ သတင်းထောက်တွေကို ပြောပြီးတဲ့နောက် မကြာမီ အမေရိကန်ရဲ့ မဟာမိတ် အစ္စရေးက တိုက်ခိုက်မှုအသစ်တွေကို ကြေညာခဲ့ပါတယ်။
အီရန်တဝန်းက အရေးကြီးတဲ့ လောင်စာဆီသိုလှောင်ရာ နေရာတွေကို ထိမှန်ခဲ့တယ်လို့လည်း မီဒီယာတွေက ဖော်ပြပါတယ်။
၂၀၀၃ ခုနှစ် အီရတ်ကို ကျူးကျော်ပြီးတဲ့နောက် အရှေ့အလယ်ပိုင်းမှာ အမေရိကန်ရဲ့ အကြီးဆုံး စစ်ရေးစစ်ဆင်ရေးအတွက် အကြောင်းပြချက်အဖြစ် အီရန်အစိုးရဟာ အမေရိကန်အတွက် ခြိမ်းခြောက်မှုတခု ဖြစ်တယ်လို့ သက်သေအထောက်အထား မပြဘဲ ထရမ့်ပ်က ပြောပါတယ်။
အီရန်ဟာ နျူကလီးယားလက်နက် တည်ဆောက်နိုင်တော့မယ်၊ အလွန်နီးကပ်နေပြီလို့လည်း ထရမ့်ပ်က ပြောပါတယ်။
အမေရိကန်-အစ္စရေးတို့ရဲ့ တိုက်ခိုက်မှုတွေကြောင့် အီရန်အရပ်သား ၁,၃၃၂ ယောက်ထက်မနည်း သေဆုံးပြီး လူထောင်ပေါင်းများစွာ ဒဏ်ရာရခဲ့တယ်လို့ ကုလသမဂ္ဂဆိုင်ရာ အီရန်သံအမတ်ကြီး အမီယာ ဆာအိဒ် အီရာဗာနီက ပြောပါတယ်။
Source: Reuters










