DVB Logo
Home
နိုင်ငံတကာ
EU နိုင်ငံခြားရေးဝန်ကြီးများ ဆိုက်ပရပ်စ်တွင် တွေ့ဆုံဆွေးနွေး
DVB
·
May 29, 2026
Photo:Reuters
Photo:Reuters
Donate to DVB

ဥရောပသမဂ္ဂ (EU) နိုင်ငံခြားရေးဝန်ကြီးတွေဟာ မေ ၂၈ ရက်မှာ ဆိုက်ပရပ်စ်နိုင်ငံမှာ တွေ့ဆုံ ကြမှာပါ။

ရုရှားအစိုးရနဲ့ ဆွေးနွေးပွဲတွေမှာ အခန်းကဏ္ဍတခုကနေ ပါဝင်ဖို့ ယူကရိန်းက ဥရောပကို တွန်းအား ပေးပြီး အမေရိကန်ကလည်း အီရန်နဲ့ စစ်ပွဲကို အာရုံစိုက်နေလို့ ရုရှားနဲ့ အနာဂတ်ဆွေးနွေးပွဲတွေကို ဘယ်လို ချဉ်းကပ်ရမလဲဆိုတာကို ဆွေးနွေးမှာလည်း ဖြစ်ပါတယ်။ 

၂၀၂၂ ခုနှစ်မှာ ရုရှားအစိုးရက ယူကရိန်းကို ကျူးကျော်မှု နောက်ပိုင်း EU က ရုရှားကို အထီးကျန် စေတဲ့ မူဝါဒကို ကျင့်သုံးခဲ့ပါတယ်။

ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ချမှတ်ခဲ့ပြီး ရုရှားနဲ့ အဆင့်မြင့်နိုင်ငံရေးနဲ့ သံတမန်ရေး ဆက်သွယ်မှု နည်းနည်းသာ ရှိခဲ့ပါတယ်။

ဒါပေမဲ့ အမေရိကန်ဦးဆောင်တဲ့ ပဋိပက္ခကို အဆုံးသတ်ဖို့ ဆွေးနွေးပွဲတွေက တိုးတက်မှု နည်းနည်းသာ ရှိပြီး စစ်ပွဲဟာ အခု ပဉ္စမနှစ်ထဲ​ ရောက်နေပြီဖြစ်လို့ အီးယူက ရုရှားအစိုးရနဲ့ ဆွေးနွေး ပွဲတွေ ကျင်းပဖို့ အချိန်တန်ရင် အသင့်ဖြစ်နေသင့်တယ်လို့ ဥရောပအရာရှိတချို့က ပြောပါတယ်။

EU က ဆွေးနွေးဖို့ဆုံးဖြတ်ရင် ဥရောပက ဘာတွေရဖို့ ရည်မှန်းမလဲဆိုတာနဲ့ ဘယ်လို ဆွေးနွေးပွဲ တွေအတွက် ဘယ်လို ကြိုတင်သတ်မှတ်ချက်တွေကို ထားမလဲ ဆိုတာတွေကို ဆွေးနွေးဖို့ ဥရောပဝန်ကြီးတွေက မျှော်လင့်ထားပါတယ်။

အစည်းအဝေးကို ရောက်ချိန်မှာ EU နိုင်ငံခြားရေးမူဝါဒအကြီးအကဲ ကာဂျာကားလက်စ်က အနာဂတ်ဆွေးနွေးပွဲတွေမှာ ဥရောပကို ဘယ်သူကိုယ်စားပြုမလဲဆိုတာကို ဆွေးနွေးတဲ့ ရုရှားရဲ့ ထောင်ချောက်ထဲကို မကျသင့်ဘဲ ဆွေးနွေးပွဲတွေက အဖွဲ့လိုက်ကြိုးပမ်းမှုတရပ်ဖြစ်တယ်လို့ ပြောပါတယ်။

အက်စ်တိုးနီးယားနိုင်ငံခြားရေးဝန်ကြီး မာဂတ်စ်ဆာန်ကာက ရုရှားသမ္မတ ဗလာဒီမာပူတင်ဟာ ဘယ်ဟာကိုမှ ပြောချင်တာ မရှိလို့ EU က ဥရောပရဲ့ ဆန့်ကျင်မှုကို ဘယ်လို အားကောင်းအောင် လုပ်ရမလဲ ဆိုတာကို အာရုံစိုက်ရမယ်လို့ ပြောပါတယ်။

ပူတင်ဟာ ဥရောပနဲ့ ဆွေးနွေးပွဲတွေအတွက် ပွင့်လင်းမြင်သာမှုရှိတယ်လို့ ရုရှားသမ္မတနန်းတော် ကရင်မလင်က မေ ၂၇ ရက်မှာ ပြောခဲ့တယ်လို့ RIA သတင်းဌာနက ဖော်ပြပါတယ်။

ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက မကြာသေးမီ သီတင်းပတ်တွေအတွင်း သံတမန်ရေးကို ပြန်အားဖြည့်ဖို့နဲ့ ဥရောပက လုပ်ငန်းစဉ်ရဲ့ တစိတ်တပိုင်းဖြစ်လာစေဖို့ လူသိရှင်ကြား တောင်းဆို ခဲ့ပါတယ်။

ဆိုက်ပရပ်စ်နိုင်ငံမှာ ကျင်းပမဲ့ ဆွေးနွေးပွဲတွေမှာ ဆော်ဒီနိုင်ငံခြားရေးဝန်ကြီး တော်ဝင်မင်းသား ဖိုင်ဇယ်ဘင် ဖှာဟန်အယ်လ်ဆွတ်ဒ် တက်မှာဖြစ်ပြီး အရှေ့အလယ်ပိုင်း အရေးကိုလည်း အာရုံစိုက် မှာ ဖြစ်ပါတယ်။ 

Source:Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013