DVB Logo
Home
အားကစား
ရီးရဲလ်မက်ဒရစ်အကယ်ဒမီတွင် စီရော်နယ်ဒို ဂျူနီယာ ပြန်လည်လေ့ကျင့်ခန်းဆင်း 
DVB
·
March 26, 2026
Photo: Reuters
Photo: Reuters
Donate to DVB

ရီးရဲလ်မက်ဒရစ်အသင်း ဂန္ထဝင်တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒိုရဲ့ သားဖြစ်သူ စီရော်နယ်ဒို ဂျူနီယာက ရီးရဲလ်မက်ဒရစ် အကယ်ဒမီမှာ ပြန်လည်လေ့ကျင့်ခန်းဆင်းနေပြီလို့ သိရပါတယ်။

အသက် ၁၅ နှစ်အရွယ် ရော်နယ်ဒိုဂျူနီယာဟာ အင်္ဂါနေ့က ရီးရဲလ် ယူ-၁၆ အသင်းနဲ့အတူ လေ့ကျင့်ခဲ့ပြီး အနာဂတ်မှာ အကယ်ဒမီကို အပြီးသတ်ပြောင်းဖို့ အလားအလာရှိနေပါတယ်၊

အသက် ၁၅ နှစ်အရွယ်ရှိပြီဖြစ်တဲ့ စီရော်နယ်ဒို ဂျူနီယာဟာ အခုလောလောဆယ် ဖခင်ဖြစ်သူရှိရာ ဆော်ဒီကလပ် အယ်လ်နာဆာမှာ ရှိနေပေမဲ့ ရီးရဲလ်ကို ပြောင်းလာဖို့က အခြေအနေ တော်တော်များနေတာပါ။

တကယ်လို့ ရီးရဲလ်ကိုသာ အမှန်တကယ်ပြောင်းဖြစ်ခဲ့ပါက မန်ယူ၊ ဂျူဗင်တပ်စ်နဲ့ အယ်လ်နာဆာတို့ အပြီး ဖခင်ဖြစ်သူရဲ့ ခြေရာကို လိုက်နင်းတဲ့ ၄ ခုမြောက် ကလပ်အသင်း ဖြစ်လာမှာပါ။ 

သူဟာ အမေရိကန်မှာ မွေးတာဆိုပေမဲ့ ပေါ်တူဂီ ယူ-၁၇ အသင်းအတွက်ပဲ ရွေးချယ်ကစားပေးနေသူလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013