ဘရာဇီး လက်ထောက်နည်းပြ ဒေးဗစ်အန်ဆယ်လော့တီက ချယ်လ်ဆီးလူငယ်ကြယ်ပွင့် အက်စတီဗာအိုဟာ လာမဲ့ကမ္ဘာ့ဖလားမှာ အားလုံးကို အံ့အားသင့်စေမဲ့သူ ဖြစ်လာမယ်လို့ ဟောကိန်းထုတ်လိုက်ပါတယ်။
အသက် ၁၈ နှစ်အရွယ် အက်စတီဗာအိုဟာ ဘရာဇီးလိဂ်မှာ နေမာရဲ့စံချိန်တွေကို ကျော်ဖြတ်နိုင်ခဲ့သူဖြစ်ပြီး ထူးခြားတဲ့အရည်အချင်းရှိသူလို့ ဆိုပါတယ်။
ဒါ့အပြင် ဗီနီစီးယက်စ်ဟာ ဘရာဇီးရဲ့ အဓိကမျှော်လင့်ချက်ဖြစ်ပြီး ဒဏ်ရာကြောင့် ရုန်းကန်နေရတဲ့ နေမာအတွက်လည်း လူစာရင်းမှာပါဝင်ဖို့ အခွင့်အရေး ရှိနေသေးတယ်လို့ သိရပါတယ်။
ဘရာဇီးဟာ ကမ္ဘာ့ဖလားအဖွင့်ပွဲအဖြစ် ဇွန် ၁၃ ရက်မှာ မော်ရိုကိုနဲ့ စတင်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။










