DVB Logo
Home
ငြိမ်းချမ်းရေး/စစ်ရေး
ဝေါလေဗျူဟာ ကာကင်းစခန်း ၃ ခုကို KNLA ပူးပေါင်းတပ် သိမ်းပိုက်၊ လက်နက်များ ရရှိ
April 8, 2026
ဝေါလေဗျူဟာ ကာကင်းစခန်း ၃ ခုကို KNLA ပူးပေါင်းတပ် သိမ်းပိုက်၊ လက်နက်များ ရရှိ
1 / 2
Photo : KNLA ၃၁ ဗျူဟာစစ်ကြောင်း
Donate to DVB

မြဝတီမြို့တောင်ဘက်၊ ဝေါလေဗျူဟာ ကာကင်းစခန်း ၃ ခုကို KNLA  ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး  လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့  မြေပြင် စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်၊ မြဝတီ-ဝေါလေလမ်းပိုင်းမှာ စစ်ကောင်စီရဲ့ တခုတည်း ကျန်ရှိနေတဲ့ ဝေါလေဗျူဟာကို မတ် ၃၁  ရက်နေ့ကစတင်ပြီး  ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်ဖွဲ့တွေက ထိုးစစ်ဆင် တိုက်ခိုက်နေပါတယ်။ 

နှစ်ဖက်တိုက်ပွဲအတွင်း ဝေါလေဗျူဟာရဲ့ ကာကင်းစခန်း ၃ ခု သိမ်းခံရပြီးနောက် ဗျူဟာမကျရေး အသည်းအသန်ခုခံနေတယ်လို့  မြေပြင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

“လက်ရှိအခြေအနေကတော့ သူတို့ကုန်းမှာနေတော့ အကျပ်အတည်းတော့ ရှိတာပေါ့။ သူတို့ ပိတ်မိနေတယ်လိုပဲ ပြောရမယ်။ အခြေအနေကတော့ အရင်ကထက် ပြန်ပြီး နှိုင်းယှဉ်မယ် ဆိုရင်တော့ နီးလာပြီလို့ ပြောရမှာပေါ့။ သူတို့က ကုန်းမှာဆိုတော့ အကုန်အတိအကျတော့ မသိရဘူး။ ဒါပေမဲ့ သူတို့ကာကင်းကို  ၃ လုံးကို တက်တုန်းကတော့ အဲဒီမှာတော့ လက်နက်တွေ ဘာတွေရတာတော့ ရှိတယ်။ အဲဒါတော့ (စစ်တပ်ဘက်က) ကျဆုံးတယ်လို့ ပြောရမှာပေါ့။”

နှစ်ဖက်တိုက်ပွဲအတွင်း ဝေါလေဗျူဟာမကျရေး စစ်ကောင်စီက လေကြောင်းကနေ နေ့ည ပစ်ကူပေး ဗုံးကြဲတိုက်ခိုက်ခဲ့နေပါတယ်။ ဒ့ါအပြင် ဧပြီ ၃ ရက် ညနေ ၆ နာရီလောက်က  ထီးညာလိဘုန်းကြီးကျောင်းကိုပါ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကျောင်းဆောင်တခုလုံး မီးလောင် ပျက်စီးခဲ့ပါတယ်။

ကရင်စစ်ရေးလေ့လာသူတယောက်က “ဒီဝေါလေဗျူဟာ စခန်းကုန်းတခုက နောက်ဆုံးပဲလေ။ မကျဖို့အတွက် သူတို့ အသည်းအသန် ခုခံတယ်။ ခုခံတယ်ဆိုတာ သူ့မှာ အစီအစဉ်ရှိတယ်။  နောက်တချက်ကကျတော့  ဒီအာရှဟိုင်းဝေးလမ်း ပြန်ဖွင့်နိုင်ရေးကိုလည်း အစွမ်းကုန် ကြိုးစားနေတဲ့အချိန်မှာ  သူတို့က ဝေါလေဗျူဟာအထိကို သူတို့စခန်းမကျရေးကော  ပြန်လည်စိုးမိုးခွင့်ရရေးအတွက် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အသည်းအသန် ခုခံနေတယ်။  သာလွန်အင်အားတွေ သုံးတယ်။ လေယာဉ်တွေနဲ့လည်း ဗုံးတွေကြဲတယ်ဆိုတဲ့ အနေအထားကို တွေ့နေရတယ်” လို့ ပြောပါတယ်။

ဝေါလေဗျူဟာ မကျရေး စစ်ကော်မရှင်တပ်ဘက်က နေ့ည လက်နက်ကြီးပစ်ခတ်တာ၊ ဒရုန်းအပါအဝင် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတာကြောင့် ဝေါလေ၊ ထီးသဲလယ်ကျေးရွာ အပါအဝင် အနီးအနားကျေးရွာက ဒေသခံပြည်သူတွေဟာ သောင်းရင်းမြစ်တဖက်ကမ်း ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013