
မန်ချက်စတာယူနိုက်တက်အသင်းဟာ ချဲလ်ဆီးအသင်းရဲ့ ကွင်းလယ်လူ အန်ဒရီဆန်းတို့စ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။
ပေါင် ၈၅ သန်းတန် မားတီးယပ်စ်ဖာနန်ဒက်စ်ကို စပါးအသင်းဆီ လက်လွှတ်လိုက်ရလို့ အခုလို အစားထိုးဖို့ ပြင်ဆင်လာတာ ဖြစ်ပါတယ်။
ကွင်းလယ်လူ ကက်စီမီရို ထွက်ခွာသွားသလို အူဂါတီလည်း ဒဏ်ရာပြင်းထန်စွာ ရရှိထားပါတယ်။ ဒါကြောင့် မန်ယူဟာ ကွင်းလယ်ပိုင်းကို အရေးပေါ် အားဖြည့်ဖို ကြိုးစားနေတာ ဖြစ်ပါတယ်။
အသက် ၂၂ နှစ်အရွယ် ဘရာဇီးသား ဆန်းတို့စ်ကို ချဲလ်ဆီးက ပေါင်သန်း ၅၀ တန်ကြေး သတ်မှတ်ထားပါတယ်။
ဒါပေမဲ့ မန်ယူက ဒီလောက်အထိ ပေးချေဖို့ ဆန္ဒမရှိဘူးလို သိရပါတယ်။ လက်ရှိမှာတော့ ကလပ် ၂ ခုအကြား တရားဝင် ဆက်သွယ်မှု မရှိသေးပါဘူး။ မန်ယူဟာ အတ္တလန္တာ ကွင်းလယ်လူ အီဒါဆင်ကိုလည်း ပေါင် ၃၉ သန်းနဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရရှိထားပါတယ်။











