DVB Logo
Home
ဘောလုံး
စီးရီးအေချန်ပီယံ အင်တာမီလန်အသင်းသားများနှင့် ပုပ်ရဟန်းမင်းကြီး တွေ့ဆုံ  
DVB
·
May 10, 2026
Photo: Simone Risoluti/Vatican Media/­Handout via REUTERS
Photo: Simone Risoluti/Vatican Media/­Handout via REUTERS
Donate to DVB

ပုပ်ရဟန်းမင်းကြီး လီယိုဟာ အီတလီ စီးရီးအေလိဂ်ချန်ပီယံဖြစ်သွားတဲ့ အင်တာမီလန် ဘောလုံးအသင်း မန်နေဂျာနဲ့ ကစားသမားတွေကို မေ ၉ ရက်ကဗာတီကန်မှာ သီးသန့်တွေ့ဆုံခဲ့ပါတယ်။

ပုပ်ရဟန်းမင်းကြီးက အသင်းရဲ့အောင်ပွဲကို ဂုဏ်ပြုစကား ပြောကြားခဲ့ပြီး လူငယ်တွေဟာ အင်တာမီလန်အသင်းရဲ့ ကစားသမားတွေကို စံပြအတုယူစရာ သူရဲ‌ကောင်းပုဂ္ဂိုလ်တွေအဖြစ် ရှုမြင်ကြတယ်လို့ မိန့်ကြားပါတယ်။ 

ပုပ်ရဟန်းမင်းကြီး လီယိုက “ဒီနေ့ခေတ် လူငယ်တွေဟာ စံပြပုဂ္ဂိုလ်တွေကို အမှန်တကယ် လိုအပ်နေပြီး၊ သူတို့ရဲ့ လုပ်ဆောင်ချက်တွေဟာ သူတို့ရဲ့ ဘဝအပေါ် ကောင်းကျိုး ဒါမှမဟုတ် ဆိုးကျိုး သက်ရောက်စေနိုင်တယ်လို့” လို့ မိန့်ပါတယ်။ 

အင်တာမီလန်အသင်းဟာ မေ ၃ ရက်က ပါးမားအသင်းကို အနိုင်ရရှိခဲ့ပြီးနောက် အီတလီ ဘောလုံးလိဂ်အမြင့်ဆုံးအဆင့် ဖြစ်တဲ့  စီးရီးအေ ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ 

ပြီးခဲ့တဲ့နှစ်တုန်းကလည်း ပုပ်ရဟန်းမင်းကြီး လီယိုဟာ အဲဒီနှစ်က စီးရီးအေ ချန်ပီယံအသင်းဖြစ်တဲ့ နာပိုလီအသင်းသားတွေနဲ့လည်း တွေ့ဆုံခဲ့ပါသေးတယ်။ ဒီအကြိမ်မှာတော့ အင်တာမီလန် အသင်းအတွက် ပုပ်ရဟန်းမင်းကြီးနဲ့ ပထမဆုံးအကြိမ် တွေ့ဆုံတာ ဖြစ်ပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013