
ရီးရဲလ်မက်ဒရစ်နည်းပြ ဟိုဆေးမော်ရင်ဟိုဟာ အင်တာမီလန်အသင်းနဲ့ ချန်ပီယံလိဂ်ပွဲစဉ် မတိုင်မီ သတင်းစာရှင်းလင်းပွဲမှာ အီတလီသတင်းထောက် တန်ခရက်ဒီ ပယ်လ်မေရီဆီက ရေဖျန်းခေါင်း လက်ဆောင်ကို ရရှိခဲ့ပါတယ်။
ဒီလက်ဆောင်ဟာ ၂၀၁၀ ပြည့်နှစ်က အင်တာမီလန်အသင်းကို ကိုင်တွယ်စဉ် ဘာစီလိုနာအသင်းကို အနိုင်ရရှိအပြီး ကန့်လန့်ကာနောက်ကွယ် ရေဖျန်းစက်တွေ ပွင့်လာတဲ့ကြားမှာ အောင်ပွဲခံခဲ့တဲ့ ဖြစ်ရပ်ကို အမှတ်ရစေဖို့ ပေးအပ်ခဲ့တာပါ။
မော်ရင်ဟိုဟာ အဆိုပါ ပြုံးစဖွယ် လက်ဆောင်ကို လက်ခံရယူခဲ့ပြီး သတင်းထောက်နဲ့ နှုတ်ဆက် ခဲ့ပါတယ်။
မော်ရင်ဟိုဟာ ၂၀၁၀ ပြည့်နှစ်က အင်တာမီလန်အသင်းကို ချန်ပီယံလိဂ်ဖလား အပါအဝင် ဖလားသုံးလုံး (Treble) ရယူပေးခဲ့သူ ဖြစ်ပါတယ်။
ရီးရဲလ်မက်ဒရစ်အသင်းဟာ ပြီးခဲ့တဲ့ လာလီဂါပွဲစဉ်မှာ ရီရဲလ်ဘက်တစ်ကို ရှုံးနိမ့်ခဲ့တာကြောင့် အခု အင်တာမီလန်နဲ့ပွဲစဉ်မှာ ရလဒ်ကောင်းရရှိဖို့ ကြိုးပမ်းသွားရမှာ ဖြစ်ပါတယ်။
Photo:Reuters











