DVB Logo
Home
မြန်မာသတင်း
ချင်းမိုင်ခရိုင်၌ မသမာသောနည်းဖြင့် ၁၀ နှစ်ခံကတ် ကိုင်ထားသူများနှင့် အရာရှိများ ဖမ်းဆီးခံရ 
DVB
·
August 26, 2026
Photo: Police TV 
Photo: Police TV 
Donate to DVB

ထိုင်းမြောက်ပိုင်း၊ ချင်းမိုင်ခရိုင်၊ ချိုင်းပကန်းမြို့နယ်ထဲမှာ နိုင်ငံခြားသားတွေကို မသမာတဲ့နည်းနဲ့  သုညထိပ်စီးဂဏန်းပါ ၁၀ နှစ်ခံ နေထိုင်ခွင့်ကတ်ပြား (Zero ID)  ထုတ်ပေးခဲ့တဲ့ မြို့နယ် မှတ်ပုံတင်အရာရှိ အပါအဝင် ဝန်ထမ်းနဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေရော ကတ်ပြားကိုင်ဆောင်သူတွေပါ ဖမ်းဆီးခံရတယ်လို့ ဩဂုတ် ၂၆ ရက်နေ့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။ 

ထိုင်းပြည်ထဲရေးဝန်ကြီးဌာန လူဦးရေနဲ့ အမျိုးသားမှတ်ပုံတင်ဌာနရဲ့ စစ်ဆေးချက်အရ ချိုင်းပကန်းမြို့နယ်ထဲမှာ ၂၀၁၈ ခုနှစ်မှ ၂၀၂၅ ခုနှစ်အတွင်း သုညထိပ်စီးဂဏန်းပါ ၁၀ နှစ်ခံ နေထိုင်ခွင့်ကပေါင်း ၅,၀၄၄ ယောက်ကို ထုတ်ပေးခဲ့တယ်။ အဲဒီထဲမှာ အမှန်တကယ်မရှိသော နေရပ်လိပ်စာတွေ ထည့်သွင်းထားတာ၊ နိုင်ငံကူးလက်မှတ်ရှိသော နိုင်ငံခြားသားတွေကို ထုတ်ပေးထားတာတွေကို မသင်္ကာဖွယ်တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။  

ဆက်လက်ပြီး စစ်ဆေးရာမှာ အဆိုပါ ၁၀ နှစ်ခံကတ် ကိုင်ဆောင်သူ ၂၃ ယောက်မှာ လူဝင်မှုကြီးကြပ်ရေးဌာန  မျက်လုံးနဲ့လက်ဗွေရာစကဲင်ဖတ် မှတ်တမ်းအရ နိုင်ငံကူးလက်မှတ်ရှိ နိုင်ငံခြားသားတွေ ဖြစ်နေတာကို တွေ့ရှိတယ်။ မြန်မာနိုင်ငံသား ၂၂ ယောက်နဲ့  တရုတ်နိုင်ငံသား ၁ ယောက်တို့ ပါဝင်တယ်လို့ ဆိုပါတယ်။ 

ဒါကြောင့် ပါဝင်ပတ်သက်နေသူ စုစုပေါင်း ၃၅ ယောက်ကို ဖမ်းဝရမ်းထုတ်ခဲ့တယ်။ အဲဒီထဲမှာ မြို့နယ်ရုံးဝန်ထမ်းနဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူး ၉ ယောက်၊ အိမ်ရှင် ၃ ယောက်၊ နိုင်ငံခြားသား ၂၃ ယောက် ပါဝင်တယ်။

အဲဒီနောက် ပြည်ထဲရေးဌာန၊ ဗဟိုရဲတပ်ဖွဲ့၊ ခရိုင် လဝက၊ ခရိုင်အုပ်ချုပ်ရေးရုံးနဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးအဖွဲ့တို့ ပူးပေါင်းပါဝင်သော အင်အား ၂၀၀ လောက်ဟာ ဩဂုတ် ၂၅ ရရက် မနက်မှာ ချိုင်းပကန်းမြို့နယ်အုပ်ချုပ်ရေးရုံး အပါအဝင် နေရာပေါင်း ၁၂ နေရာကို သွားရောက် စစ်ဆေးရှာဖွေခဲ့ကြတယ်လို့ ထိုင်းအမျိုးသားရဲတပ်ဖွဲ့ ဒုရဲချုပ် ဆာမ်ရန်း နွန်းမားက ဒီကနေ့မနက် သတင်းစာရှင်းပွဲမှာ ပြောပါတယ်။ 

အဲဒီနေရာတွေကနေ  မှတ်ပုံတင်ဦးစီးအရာရှိ ၁ ယောက်၊ ကျေးရွာအုပ်ချုပ်ရေးမှူး ၂  ယောက်၊ အိမ်ထောင်စုစာရင်းပိုင်ရှင်  ၈ ယောက်နဲ့  နေထိုင်ခွင့်ကတ်အတု ကိုင်ဆောင်သူ မြန်မာနိုင်ငံသား ၉ ယောက် စုစုပေါင်းအယောက် ၂၀ တို့ကို ဖမ်းဆီးရမိခဲ့ပြီး ကျန်ရှိသူတွေလည်း ဖမ်းဆီးအရေးယူနိုင်ဖို့ ဆက်လက်စုံစမ်းရှာဖွေသွားမယ်လို့ ဆိုပါတယ်။ 

ထိပ်စီးဂဏန်း သုည နဲ့စတဲ့ ၁၀ နှစ်ခံ နေထိုင်ခွင့်ကတ်ပြားဟာ ထိုင်းနယ်စပ်တလျှောက်က အထောက်အထားမဲ့ တောင်ပေါ်တိုင်းရင်းသားတွေ၊ နိုင်ငံမဲ့သူတွေအနေနဲ့ မည်သူမည်ဝါမှန်းသိအောင်၊ လူဦးရေစိစစ်လို့ရအောင် ထုတ်ပေးထားတဲ့ ကတ်ပြားတွေ ဖြစ်တယ်။ အဲဒီကတ်ပြားဟာ ပညာသင်ခွင့်၊ ကျန်းမာရေးစောင့်ရှောက်ခွင့် စတဲ့ အခြေခံလူ့အခွင့်အရေးတွေ ရရှိတယ်လို့  ဒုရဲချုပ်က ပြောပါတယ်။ 

Source: Police TV 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013