
အာဆင်နယ်ဟာ အက်သလက်တီကိုမက်ဒရစ်ကို နှစ်ကျော့ပေါင်းရလဒ် (၂-၁) ဂိုးနဲ့ အနိုင်ယူပြီး ၂၀၀၆ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ချန်ပီယံလိဂ်ဗိုလ်လုပွဲ တက်လှမ်းနိုင်ခဲ့ပါတယ်။
ဒီမနက်စောပိုင်းကစားသွားတဲ့ ဒုတိယအကျော့ပွဲစဉ်မှာ အာဆင်နယ်က (၁-၀) ဂိုးနဲ့ အနိုင်ရခဲ့တာဖြစ်ပြီး အဆုံးအဖြတ်ဂိုးကိုတော့ ၄၄ မိနစ်မှာ ဆာကာက သွင်းယူပေးခဲ့တာပါ။
အခုဆိုရင် အာဆင်နယ်ဟာ ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ် ဖလား ၂ လုံးအိပ်မက်ကို ဆက်လက်အကောင်အထည်ဖော်နိုင်ဖို အခွင့်အရေးရှိနေပြီ ဖြစ်ပါတယ်။
ဒီပွဲမှာ အာတီတာဟာ လူငယ်ကစားသမား လူးဝစ်စကယ်လီကို ပွဲထွက်လူစာရင်းမှာ အသုံးပြုခဲ့ပြီး ကစားသမားတွေကလည်း အကောင်းဆုံးခြေစွမ်းပြခဲ့ကြပါတယ်။
အက်သလက်တီကိုဘက်က ချေပဂိုးရဖို ကြိုးစားခဲ့ပေမဲ့ ဂါဘရီယယ်နဲ့ ဆာလီဘာတို့ရဲ့ အဖျက်ကောင်းမှုတွေကြောင့် ဂိုးမရခဲ့တာပါ။
အာဆင်နယ်ဟာ လာမဲ့မေလ ၃၀ ရက်၊ ဘူဒါပက်စ်မှာ ကစားမဲ့ ဗိုလ်လုပွဲမှာ ဘိုင်ယန်မြူးနစ် ဒါမှမဟုတ် လက်ရှိချန်ပီယံ ပီအက်စ်ဂျီအသင်းနဲ့ ရင်ဆိုင်ရဖို့ ရှိနေပါတယ်။










