DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံက ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်းစာနာမှုအကျပ်အတည်းဆိုက်သည့်နိုင်ငံ ဖြစ်နေ 
DVB
·
July 7, 2026
Photo: ဒေသခံ
Photo: ဒေသခံ
Donate to DVB

မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ အဆိုးရွားဆုံး လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကျပ်အတည်းဆိုက်နေတဲ့ နိုင်ငံတွေထဲက တခုဖြစ်တယ်လို့  ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရက ပြောကြားလိုက်ပါတယ်။ 

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်မှာ ရန်လိုတိုက်ခိုက်တွေအကြောင်း စိုးရိမ်စရာ သတင်းတွေကို လက်ခံရရှိထားတယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ စတက်ဖင်ဒူဂျာရစ်က နယူးယောက်မြို့ သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တွေကို ဇူလိုင် ၆ ရက်မှာ အကျဉ်းချုပ် ပြောခဲ့တာပါ။ 

ဇူလိုင် ၂ ရက်ကစပြီး ဒေသတွင်း စစ်ဆင်ရေးတွေကြောင့် အမျိုးသား၊ အမျိုးသမီးနဲ့ ကလေး ၂၀.၀၀၀ ကျော် နေရပ်စွန့်ခွာခဲ့ရတယ်လို့ ကနဦးစာရင်းဇယားတွေမှာ မှတ်တမ်းတင်ထားပြီး မေလကစလို့ အဲဒီဒေသထဲကနေ ထွက်ပြေးသွားသူ အယောက် ၈၀,၀၀၀ လောက် ရှိတယ်လို့ ပြောပါတယ်။

မကွေးတိုင်းမှာ စစ်ရေးစစ်ဆင်ရေးတွေ တိုးမြှင့်နေတယ်ဆိုတဲ့ သတင်းတွေကြားမှာ ကုလသမဂ္ဂဟာ အိုးအိမ်စွန့်ခွာ ထွက်ပြေးလာတဲ့ အရပ်သားတွေ ဘေးကင်းရေးနဲ့ ကာကွယ်ရေးအတွက် အထူးစိုးရိမ်မိတယ်လို့ ဒူဂျာရစ်က ပြောပါတယ်။

ပဋိပက္ခဖြစ်တဲ့ ဒေသတွေထဲမှာ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီတွေရဖို့က စိန်ခေါ်မှုတွေ ရှိနေပေမဲ့ ကုလသမဂ္ဂနဲ့ မိတ်ဖက်တွေက ပြည်သူတွေရဲ့ လိုအပ်ချက်တွေကို အကဲဖြတ်တုံ့ပြန်ဖို့ ဆောင်ရွက်နေတယ်လို့လည်း ထပ်ပြောပါတယ်။ 

အရပ်သားတွေကို ကာကွယ်ဖို့နဲ့ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ဥပဒေနဲ့အညီ ဘေးကင်းလုံခြုံပြီး ရေရှည်တည်တံ့ပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ အဟန့်အတားမရှိရစေဖို့ သက်ဆိုင်သူ အားလုံးကို ကုလသမဂ္ဂက တောင်းဆိုခဲ့ပါတယ်။ 

မြန်မာနိုင်ငံမှာ အကူအညီ လိုအပ်နေသူ ၁၆ သန်းကျော်ရှိပြီး သူတို့ထဲက ၃ ဒသမ ၈ သန်းနီးပါးကတော့ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရကာ လူသားချင်း စာနာထောက်ထားသူတွေက အသက်တွေကို ကယ်ဖို့ ဆောင်ရွက်နေပေမဲ့ လိုအပ်ချက်တွေက အရင်းအမြစ်တွေထက် ကျော်လွန်နေဆဲဖြစ်တယ်လို့ ဒူဂျာရစ်က ဆက်ပြောပါတယ်။ 

အခုနှစ်အတွက် လိုတဲ့ ဒေါ်လာ သန်း ၈၉၀ အနက် ဒီနေ့အထိ ဒေါ်လာ ၃၈၇ သန်း ရထားပြီလို့လည်း သူက ဖြည့်စွက်ပြောကြားခဲ့ပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013