DVB Logo
Home
နိုင်ငံတကာ
ကိုဆိုဗိုပါလီမန်က သမ္မတသစ် ရွေးချယ်
DVB
·
October 7, 2026
Photo:Reuters
Photo:Reuters
Donate to DVB

ဥရောပရဲ့ အဆင်းရဲဆုံးနိုင်ငံတွေထဲက တနိုင်ငံဖြစ်တဲ့ ကိုဆိုဗိုမှာ ဖွဲ့စည်းပုံအခြေခံဥပဒေ သတ်မှတ်ရက် မတိုင်ခင် ပါလီမန်က ဘောဂဗေဒပညာရှင် ဂျပ်စတီနာ ရှီရိုကာ ပူလာကို ဂုဏ်ထူးဆောင်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်လိုက်ပါတယ်။

အမတ်နေရာ ၁၂၀ ရှိတဲ့ ပါလီမန်မှာ ရှီရိုကာ ပူလာဟာ လိုအပ်တဲ့ မဲအရေအတွက်ထက် တမဲအသာ ထောက်ခံမဲ ၈၁ မဲနဲ့ အောက်တိုဘာ ၇ ရက် မနက်အစောပိုင်းမှာ ရွေးချယ်ခံခဲ့ရတာပါ။

ဒါကြောင့် ဇွန်လတုန်းကလိုမျိုး ကြားဖြတ်ရွေးကောက်ပွဲ နောက်တကြိမ် ထပ်မဖြစ်အောင် ရှောင်ရှား နိုင်ခဲ့ပါတယ်။

သမ္မတသစ်ကို သတ်မှတ်ရက်အတွင်း မရွေးနိုင်ခဲ့ရင် ပြီးခဲ့တဲ့ ဇွန်လကလိုပဲ ဘော်လ်ကန်ဒေသနိုင်ငံ မှာ ပါလီမန်ရွေးကောက်ပွဲအသစ်တွေ ထပ်ဖြစ်လာဖို့ ရှိနေခဲ့တာပါ။

အခုလို သမ္မတသစ်ကို အချိန်မီ ရွေးချယ်တင်မြှောက်နိုင်ခဲ့တာဟာ ကိုဆိုဗိုအစိုးရနဲ့ အတိုက်အခံပါတီ တွေကြား သည်ဟိဂ်မြို့မှာရှိတဲ့ ကိုဆိုဗိုဆိုင်ရာ ခုံရုံးရဲ့ စစ်ရာဇဝတ်မှု ပြစ်ဒဏ်တွေ အရမ်းပြင်းထန် နေတဲ့အပေါ် လုပ်ပိုင်ခွင့်အာဏာတွေကို ကန့်သတ်ဖို့ သဘောတူညီချက် ရယူနိုင်ခဲ့ကြလို့ ဖြစ်ပါတယ်။

မဲခွဲဆုံးဖြတ်ပြီးနောက်မှာ သမ္မတသစ် ရှီရိုကာ ပူလာက “ဒီတာဝန်ဟာ လူတဦးတယောက်တည်း အတွက် သီးသန့်ပိုင်ဆိုင်တဲ့အရာ မဟုတ်ပါဘူး။ ပြည်သူတွေ၊ အဖွဲ့အစည်းတွေနဲ့ မျိုးဆက်ပေါင်းများစွာ အနစ်နာခံ တည်ဆောက်ခဲ့ရတဲ့ နိုင်ငံတော်အတွက် ဖြစ်ပါတယ်။ နိုင်ငံရေးပါတီစွဲ၊ လူမျိုးစွဲ၊ လူမှုရေးနောက်ခံစွဲ မရှိဘဲ ပြည်သူအားလုံးရဲ့ သမ္မတ ဖြစ်လာဖို့ တာဝန်ထမ်းဆောင်သွားမှာပါ။ စည်းလုံးညီညွတ်မှု၊ တရားမျှတမှု၊ ဖွံ့ဖြိုးတိုးတက်မှုနဲ့ နိုင်ငံတော်ရဲ့ အင်စတီကျူးရှင်းတွေကို ပိုမိုခိုင်မာအောင် ကြိုးပမ်းဆောင်ရွက်သွားပါမယ်” လို့ ပြောကြား သွားခဲ့ပါတယ်။

ကိုဆိုဗိုနိုင်ငံရဲ့ သမ္မတရာထူးဟာ အဓိကအားဖြင့် ဂုဏ်ထူးဆောင်သဘောသက်သက်သာ ဖြစ်ပေမဲ့ သမ္မတ တယောက်ကို ရွေးချယ်ဖို့အတွက် ပါလီမန်မဲဆန္ဒ သုံးပုံနှစ်ပုံ လိုအပ်တာကြောင့်နဲ့ နိုင်ငံရေးပါတီတွေက ကိုယ်စားလှယ်လောင်းအပေါ် သဘောတူညီမှုရဖို့ ရုန်းကန်ရတာကြောင့် နိုင်ငံရေး မတည်ငြိမ်မှုတွေ အမြဲလိုလို ဖြစ်ပွားစေတဲ့ အရင်းအမြစ်တခု ဖြစ်နေခဲ့တာပါ။

အသက် ၇၃ နှစ်အရွယ် ရှီရိုကာ ပူလာဟာ ကိုဆိုဗို သိပ္ပံနဲ့ အနုပညာ အကယ်ဒမီရဲ့ ဥက္ကဋ္ဌလည်း ဖြစ်သလို ၂၀၀၈ ခုနှစ်ကနေ ၂၀၁၁ ခုနှစ်အထိ စီးပွားရေးဝန်ကြီးတာဝန် ထမ်းဆောင်ခဲ့ဖူးတဲ့ စီးပွားရေးပညာ ပါမောက္ခတယောက်လည်း ဖြစ်ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013