
ကာရာဘောင်ဖလား ဗိုလ်လုပွဲနဲ့ FA ဖလား ကွာတားဖိုင်နယ်ပွဲစဉ်တွေမှာ ဆက်တိုက် ရှုံးနိမ့် ခဲ့ပြီးနောက် အာဆင်နယ်နည်းပြ အာတီတာက အသင်းသားတွေကို လက်ရှိအခြေအနေအပေါ် အကောင်းမြင်စိတ်နဲ့ ကြည့်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။
ဗုဒ္ဓဟူးနေ့မှာ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်အဖြစ် စပို့တင်းလစ္စဘွန်းနဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး ဒါဟာ အာဆင်နယ်အတွက် ရလဒ်ဆိုးတွေကနေ ရုန်းထွက်ဖို့ အခွင့်အရေးတခုလည်း ဖြစ်ပါတယ်။
အာဆင်နယ်ဟာ ဒီရာသီမှာ ပရီးမီးယားလိဂ်ကို ၉ မှတ်အထိ ဖြတ်ပြီး ဦးဆောင်နေပေမဲ့ ဆာကာ၊ တင်ဘာနဲ့ ဂါဘရီယယ်တို့လို အဓိကကစားသမားတွေရဲ့ ဒဏ်ရာပြဿနာတွေက စိုးရိမ်စရာ ဖြစ်နေ ပါတယ်။
အာတေတာကတော့ "ဒီရှုံးနိမ့်မှုတွေက ရလာတဲ့ နာကျင်မှုကို သင်ခန်းစာယူပြီး ပိုကောင်းအောင် ကြိုးစားသွားမယ်"လို့ ဆိုပါတယ်။
စပို့တင်းနည်းပြ ရူအီဘော့ဂျက်စ်ကတော့ အာဆင်နယ်ဟာ ရှုံးပွဲတွေကြောင့် "ဒဏ်ရာရနေတဲ့ သားရဲ" တကောင်လို ပိုပြီး အန္တရာယ်ရှိလာနိုင်တယ်လို့ သတိပေးထားပါတယ်။










