
အက်သလက်တီကိုမက်ဒရစ်နဲ့ ပွဲအပြီး နောက်ခံလူ မာတီနက်ဇ်ရဲ့ ဝေဖန်ပြောဆိုမှုတွေနဲ့ ပတ်သက်လို့ မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ကျော်ဖြတ်နိုင်ခဲ့ပြီဖြစ်ပြီး အသင်းအတွင်း ရိုက်ခတ်မှု မရှိ ကြောင်း နည်းပြ မိုက်ကယ်ကာရစ်က ပြောပါတယ်။
ဝိန်းရူနီအပါအဝင် အသင်းခေါင်းဆောင်ဟောင်းတွေက မာတီနက်ဇ်ရဲ့ ပြောဆိုချက်ကို ဝေဖန် ခဲ့ကြပေမဲ့ အသင်းပြင်ပက ပြောဆိုမှုတွေဟာ အမှန်တရားမဟုတ်ဘဲ လက်ရှိ အသင်းရဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာ အနေအထားဟာ အကောင်းဆုံး အခြေအနေမှာ ရှိနေတယ်လို့ ပွဲကြို သတင်းစာရှင်းလင်းပွဲမှာ ကာရစ်က ဆိုပါတယ်။
တနင်္ဂနွေနေ့မှာ ကစားမဲ့လိဒ်စ်ယူနိုက်တက်နဲ့ ပရီးမီးယားလိဂ် ပွဲစဉ်အတွက် အသင်းလူစာရင်းမှာ မာတီနက်ဇ် ပါဝင်လာမယ်လို့လည်း နည်းပြကားရစ်က အတည်ပြုထားပါတယ်။
Photo:Reuters











