DVB Logo
Home
မြန်မာသတင်း
ပြည်တွင်း သတင်းအေဂျင်စီ ၃ ခုကို စစ်အာဏာရှင် ပိတ်သိမ်း  
ဝေဝေ
·
April 24, 2026
ပြည်တွင်း သတင်းအေဂျင်စီ ၃ ခုကို စစ်အာဏာရှင် ပိတ်သိမ်း  
Donate to DVB

စစ်အာဏာရှင်အစိုးရရဲ့ လက်အောက်ခံ ပြန်ကြားရေးဝန်ကြီးဌာနက ပြည်တွင်းအခြေစိုက် သတင်းအေဂျင်စီ ၃ ခုကို လုပ်ငန်းလိုင်စင်ရုပ်သိမ်းပြီး ပိတ်သိမ်းလိုက်ကြောင်း ဧပြီ ၂၄ ရက်မှာ ထုတ်ပြန်ပါတယ်၊

ပြည်တွင်းသတင်းဌာနတွေဖြစ်တဲ့ Chin World၊ ခိုနုမ်းသုန် -Khonumthung Media Group နဲ့ မျက်မှောက်ခေတ်-Nowadays News သတင်းအေဂျင်စီ ၃ ခုကို ဧပြီ ၉ ရက်ကစပြီး လုပ်ငန်းအသိအမှတ်ပြုလက်မှတ်တွေ ရုပ်သိမ်းကာ ပိတ်သိမ်းလိုက်တာဖြစ်ကြောင်း သိရပါတယ်၊

ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်းဥပဒေ ပုဒ်မ ၆၊ ပုဒ်မခွဲ(ခ) အရ စစ်ဆေးရာမှာ ပုဒ်မ ၈ ပါ စည်းကမ်းချက်တွေကို လိုက်နာမှုမရှိဘဲ နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ အများပြည်သူ အေးချမ်းသာယာရေးကို ထိခိုက်စေနိုင်တဲ့ အကြောင်းအရာတွေ ထုတ်လွှင့်ဖော်ပြ ခဲ့တာကြောင့်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်၊

ခိုနုမ်းသုန်သတင်းဌာန တာဝန်ခံအယ်ဒီတာ ဆလိုင်း ရောဘတ်က  "အာဏာသိမ်းစစ်အုပ်စုအနေနဲ့ သတင်းမီဒီယာလုပ်ငန်း လိုင်စင်တွေကို ပိတ်သိမ်းတာဖြစ်စေ Khonumthung သတင်းဌာနအနေနဲ့ အမှန်တရားနဲ့  ပြည်သူလူထုဘက်က ဆက်လက်ရပ်တည်ပြီး သတင်းမီဒီယာကျင့်ဝတ်နဲ့အညီ မှန်ကန်တဲ့  သတင်းအချက်အလက်တွေကို လူထုဆီ အချိန်နဲ့ တပြေးညီ ရရှိနိုင်ရေး ဆက်လက် လုပ်သွားမှာ ဖြစ်တယ်"လို့ ခိုနုမ်းသုန်သတင်းဌာနရဲ့ သတင်းစာမျက်နှာမှာ ဖော်ပြပါတယ်။

ပိတ်သိမ်းခံရတဲ့ သတင်းအေဂျင်စီတွေကို မီဒီယာမျိုးစုံ ဒါမှမဟုတ် နည်းပညာမျိုးစုံ အသုံးပြုပြီး သတင်းရေးသားထုတ်လွှင့်ဖော်ပြတာ မပြုလုပ်ဖို့ကိုလည်း ကြေညာထားတာဖြစ်ပါတယ်။

အခုဆို စစ်အာဏာရှင်အစိုးရအနေနဲ့  သတင်းမီဒီယာလုပ်ငန်းတွေကို လိုင်စင် ဖျက်သိမ်းတာ ၁၈ တိုက်ထိ ရှိလာပြီဖြစ်ပြီး အာဏာသိမ်းကာလ ၅ နှစ်ကျော်အတွင်းမှာ သတင်းသမား ၂၀၀ ကျော်ကို ဖမ်းဆီးထောင်ချခဲ့ကာ သတင်းသမား ၇ ယောက်ကို သတ်ဖြတ်ခဲ့ကြောင်း လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ IPCMရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013