DVB Logo
Home
နိုင်ငံတကာ
စရိတ်မြင့်တက်မှုကြောင့် စရိတ်နည်းလေကြောင်းလိုင်း Jetstar Asia ကို ပိတ်သိမ်း
DVB
·
June 12, 2025
စရိတ်မြင့်တက်မှုကြောင့် စရိတ်နည်းလေကြောင်းလိုင်း Jetstar Asia ကို ပိတ်သိမ်း
Donate to DVB

သြစတြေးလျနိုင်ငံက ကွမ်းတက်စ် လေကြောင်းလိုင်းဟာ ပေးသွင်းစရိတ်တွေ မြင့်တက်လာတာ၊ လေဆိပ်အခကြေးငွေ ပိုမြင့်မားလာတာနဲ့ စရိတ်နည်း လေကြောင်းလိုင်းတွေအကြား ပြိုင်ဆိုင်မှု ပြင်းထန်လာတာတို့ကြောင့် သူရဲ့ တန်ဖိုးနည်းလေကြောင်းဖြစ်တဲ့  Jetstar Asia ကို ပိတ်ပစ်မယ်လို့ ဇွန် ၁၁ ရက်မှာ ပြောလိုက်ပါတယ်။

သြစတြေးလျနိုင်ငံက Jetstar Airways လေကြောင်းလိုင်းက ပြည်တွင်းမှာသုံးနေတဲ့ စရိတ်စကနဲ့  ငှားထားတဲ့ လေယာဉ်တွေကို အစားထိုးနိုင်မှု အပါအဝင် လေယာဉ် ၁၃ စင်းရဲ့ တန်ဖိုးအပေါ် အခြေခံပြီး ပင်မစီးပွားရေးလုပ်ငန်းတွေမှာ ပြန်သုံးဖို့ အမေရိကန်ဒေါ်လာ ၃၂၅ သန်း ဝန်းကျင်အထိ ထုတ်ပေးမယ်လို့ ကွမ်းတက်စ်က ပြောခဲ့ပါတယ်။

သက်တမ်း ၂၀ အရွယ် လေကြောင်းလိုင်းကို လာမယ့်လမှာ ပိတ်ပစ်ရင် အလုပ်အကိုင် ၅၀၀ အထိ ဆုံးရှုံးနိုင်တယ်လို့ ကွမ်းတက်စ်ရဲ့ ပြောရေးဆိုခွင့်ရှိသူတယောက်က ပြောပါတယ်။

Jetstar Asia လေကြောင်းလိုင်းက Airbus လေယာဉ် ၁၃ စင်းကို သြစတြေးလျနဲ့ နယူးဇီလန်ဆီ ပြန်နေရာချထားမှာလည်း ဖြစ်ပါတယ်။

Jetstar Asia လေကြောင်းလိုင်းဟာ ပေးသွင်းစရိတ်တွေ မြင့်တက်လာတာ၊ လေဆိပ်တွေမှာ ရပ်နားခ မြင့်တက်တာ၊ AirAsia နဲ့ Singapore Airlines ရဲ့ စကုထ် အပါအဝင် အရှေ့တောင်အာရှ စရိတ်နည်း လေကြောင်းလိုင်းတွေက ဒေသတွင်းပြိုင်ဆိုင်မှု မြင့်တက်လာတာတို့ကြောင့် အဆိုးဘက်သက်ရောက်တာ ခံနေရတာပါ။

ကွမ်းတက်စ်က Jetstar Asia ကို လွန်ခဲ့တဲ့ ဆယ်စုနှစ် နှစ်ခုကျော်က စတင်ခဲ့ပြီး တိုက်ကြီးအတွင်း ကုန်ကျစရိတ်သက်သာတဲ့ လေကြောင်းခရီးသွားလာမှု လိုအပ်ချက်တွေ တိုးလာတာကို ရင်းနှီးမတည်ဖို့ ကြိုးပမ်းခဲ့ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013