ဒီနေ့မနက်ယှဉ်ပြိုင်ကစားသွားတဲ့ ဖီဖာကမ္ဘာ့ဖလား ကွာတားဖိုင်နယ်ပွဲစဥ်မှာ အင်္ဂလန်အသင်းက နော်ဝေကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရပြီး ဆီမီးဖိုင်နယ်ကို တက်ရောက်သွားပါတယ်။
ဒီပွဲအစပိုင်းမှာ အင်္ဂလန်က ဘောလုံးပိုင်ဆိုင်မှု အသာစီးယူ ကစားနိုင်ခဲ့ပေမဲ့ နော်ဝေအတွက် ဦးဆောင်ဂိုးကို တန်ပြန်တိုက်စစ်ကနေ ရှယ်ဒရွတ်က ၃၆ မိနစ်မှာ သွင်းယူပါတယ်။
အင်္ဂလန်အတွက် ချေပဂိုးကိုတော့ ပထမပိုင်း ၄၅ မိနစ်အပြီး နာကျင်အချိန်ပို ၂ မိနစ်မှာ ဂေါ်ဒန်ချပေးတဲ့အလုံးကနေ ကွင်းလယ်သမား ဘယ်လင်ဂမ်က နော်ဝေ နောက်တန်းသမားတွေရဲ့ ကြားကနေ သွင်းယူပါတယ်။
ပထမပိုင်းပြီးခါနီးမှာ အင်္ဂလန် တိုက်စစ်မှူး ဟယ်ရီကိန်းသွင်းတဲ့ ဂိုးလူကျွံဘော ဖြစ်ခဲ့သလို နော်ဝေဘက်က သွင်းတဲ့ဂိုးလည်း ဟာလန်းရဲ့ ပြစ်ဒဏ်ဘောဖြစ်လို့ ဂိုးမရခဲ့ပါဘူး။
ဒုတိပိုင်းဆက်လက်ကစားခဲ့ကြတာမှာ မိနစ် ၉၀ အထိ သရေကျနေလို့ အချိန်ပို ကန်ရာမှာ ပွဲစလို့ ၃ မိနစ်မှာပဲ မော်ဂန်ရော်ဂျာ အဝေးကနေ ကန်သွင်းတဲ့ ဘောလုံးကို နော်ဝေ ဂိုးသမား ပုတ်ထုတ်ပြီး ပြန်ထွက်လာတဲ့ ဘောလုံးကို ဘယ်လင်ဂမ်က ပိတ်ယူပြီး အနိုင်ဂိုး ရသွားပါတယ်။
ဒီပွဲနိုင်တဲ့ အင်္ဂလန်ဟာ ဆီမီးဖိုင်နယ်မှာတော့ အာဂျင်တီးနားနဲ့ ဆွစ်ဇာလန်တို့ ၂ သင်းထဲက နိုင်တဲ့အသင်းနဲ့ ဆုံရမှာ ဖြစ်ပါတယ်။










