
အင်္ဂလန်နောက်ခံလူ ဂျာရယ်လ် ကွမ်ဆာဟာ မက္ကဆီကိုနဲ့ ကမ္ဘာ့ဖလား ၁၆ သင်းအဆင့်ပွဲမှာ အနီကတ် ပြသခံရလို့ နော်ဝေနဲ့ ကွာတားဖိုင်နယ်ပွဲကို လွဲချော်မှာ ဖြစ်ပါတယ်။
အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် (FA) ကတော့ ကွမ်ဆာရဲ့ ပွဲပယ်ပြစ်ဒဏ်ကို အယူခံဝင်ဖို့ စဉ်းစားနေတာပါ။ ဒါဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ ဝင်ရောက်စွက်ဖက်မှုကြောင့် ဖီဖာက ဘာလိုဂန်ရဲ့ ပွဲပယ်ပြစ်ဒဏ်ကို ပြန်ရုပ်သိမ်းပေးခဲ့ပြီးနောက်ပိုင်း ဖြစ်ပါတယ်။
အင်္ဂလန်ဂန္ထဝင်ကစားသမားဟောင်း ဂယ်ရီနဗီးလ်နဲ့ အီယန်ရိုက်တို့က ကွမ်းဆာရဲ့ အနီကတ်က မှန်ကန်တယ်လို့ သဘောတူပါတယ်။
ဒါပေမဲ့ ဘာလိုဂမ်ကိစ္စကြောင့် FA အနေနဲ့ အယူခံဝင်သင့်တယ်လို တိုက်တွန်းခဲ့တာပါ။ ထရမ့်ပ်ကတော့ ဘာလိုဂမ်ရဲ့ ပွဲပယ်ပြစ်ဒဏ်ကို ပြန်လည်စိစစ်ပေးဖို ဖီဖာဥက္ကဋ္ဌ အင်ဖန်တီနိုကို ကိုယ်တိုင်တောင်းဆိုခဲ့တယ်လို့ ဝန်ခံပါတယ်။
ယာဂန်ကလော့ပ်ကတော့ ထရမ့်ပ်နဲ့ အင်ဖန်တီနိုတိုဟာ ဘောလုံးအကြောင်း နားမလည်ကြောင်း ဝေဖန်ခဲ့ပါတယ်။










