DVB Logo
Home
မြန်မာသတင်း
ဦးဝင်းတင်ကွယ်လွန်ခြင်း ၁ နှစ်ပြည့် အပြာရောင်ဝတ်ဆင်ရန် လှုံ့ဆော်
DVB
·
April 16, 2015
ဦးဝင်းတင်ကွယ်လွန်ခြင်း ၁ နှစ်ပြည့် အပြာရောင်ဝတ်ဆင်ရန် လှုံ့ဆော်
Donate to DVB

လာမယ့် ဧပြီ ၂၁ ရက်နေ့မှာ ကျရောက်တဲ့ သတင်းစာဆရာကြီး ဦးဝင်းတင် ကွယ်လွန်ခြင်း ၁ နှစ်ပြည့်အထိမ်းအမှတ်အနေနဲ့ အပြာရောင်ဝတ်ဆင်ဖို့ အဖွဲ့ ၁၇ ဖွဲ့က တောင်းဆိုလိုက်ပါတယ်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် သဘာပတိ အဖွဲ့ဝင်ဟောင်း သတင်းစာဆရာကြီး ဦးဝင်းတင်ဟာ ထောင်အင်္ကျီအပြာကို သေတဲ့ အထိဝတ်ဆင်ခဲ့တာကြောင့် ဆရာကြီး ဂုဏ်ပြုတဲ့ အနေနဲ့  အပြာရောင်ဝတ်ဆင်ဖို့ တောင်းဆိုတာလို့ အဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

သတင်းစာဆရာကြီး ဦးဝင်းတင်ဟာ ၁၉၈၉ ကနေ ၂၀၀၈ အထိ ထောင်တွင်းမှာ ၁၉ နှစ် အကျဉ်း ကျခံခဲ့ရပြီး ပြန်လွတ်လာချိန်မှာလည်း တခြား နိုင်ငံရေးအကျဉ်းသားတွေ မလွတ်မြောက်မချင်း ထောင်ဝတ်စုံဖြစ်တဲ့ အပြာရောင်ကိုသာ ၀တ်ဆင်ဖို့ အဓိဋ္ဌာန် ပြုခဲ့ပါတယ်။ သူသေဆုံးတဲ့ အထိလည်း ဒီအပြာရောင်ကို ၀တ်ဆင်ခဲ့တာဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ မြန်မာနိုင်ငံရှိ အကျဉ်းထောင်အသီးသီးမှာ နိုင်ငံရေးအကျဉ်းသား ၁၇၀ ကျော် အကျဉ်းကျခံနေရပြီး ၃၀၀ ကျော်ကလည်း  အမှုရင်ဆိုင်နေရဆဲဖြစ်ပါတယ်။

ဒါကြောင့် ဆရာကြီး ဦးဝင်တင်ကို ဂုဏ်ပြုသောအားဖြင့်လည်ကောင်း၊ အကျဉ်းထောင် အသီးသီးမှာ ရှိနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေ အမြန်ဆုံး လွတ်မြောက်ဖို့ အပြာရောင်အကျီတွေ ၀တ်ဆင်ဖို့ တိုက်တွန်းတာဖြစ်တယ်လို့ အဖွဲ့တွေရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013