DVB Logo
Home
မြန်မာသတင်း
ဝ ဌာနချုပ်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များညီလာခံ မေလဆန်းတွင် ကျင်းပမည်
DVB
·
April 14, 2015
ဝ ဌာနချုပ်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များညီလာခံ မေလဆန်းတွင် ကျင်းပမည်
Donate to DVB

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ ညီလာခံကို ယူဒဗလျူအက်စ်အေ (၀ပြည် သွေးစည်းညီညွတ်ရေးပါတီ) ဌာနချုပ် ပန်ဆန်းမှာ လာမယ့် မေလ ပထမပတ်ထဲ ကျင်းပသွားဖို့ ရှိနေပါတယ်။

ဒီညီလာခံဟာ ယူပီဒဗလျူစီ (ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီ)နဲ့ အန်စီစီတီ (တပြည်လုံးအပစ်ခတ်ရပ်ရေး ညှိနှိုင်းရေးတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့) တို့ကြား ပြီးခဲ့တဲ့ မတ်လ ၃၁ ရက်နေ့က တနိုင်ငံလုံးအပစ်ခတ်ရပ်ရေး စာချုပ်မူကြမ်း သဘောတူချက် ရခဲ့ပြီးတဲ့နောက် ခေါ်ယူကျင်းပတဲ့ ညီလာခံ ဖြစ်ပါတယ်။

ညီလာခံကျင်းပရတာနဲ့ ပတ်သက်ပြီး အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် ယူဒဗလျူအက်စ်အေ ပြောခွင့်ရ ဦးအောင်မြင့်က ဒီဗွီဘီကို ခုလိုပြောပါတယ်။

“ဒီဆွေးနွေးပွဲခေါ်တဲ့ အကြောင်းရင်း ဆုံးဖြတ်ချက်က လွန်ခဲ့တဲ့နှစ်က တိုင်းရင်းသား အဖွဲ့အစည်းတွေကနေပြီးတော့ အကြံပြုထားတာ ၀ အဖွဲ့က ကမကထပြုပြီးတော့ အစည်းအဝေးတခု ခေါ်ပေးဖို့ပေါ့နော်။ အဲဒါကြောင့် ကျနော်တို့က ဒီ ၂ လပိုင်းက ဆုံးဖြတ်လိုက်တာ။ ဆုံးဖြတ်လိုက်တော့ ကျနော်တို့ရဲ့ ရည်ရွယ်ချက်ကတော့ နိုင်ငံတော်မှာ အပစ်ခတ်ရပ်စဲရေးက ၂ လပိုင်းတုန်းကဆိုလို့ရှိရင် ကိစ္စက မပြီးသေးဘူးဖြစ်တယ်။ ဒါကြောင့်မို့ အပစ်ခတ်ရပ်စဲရေး မြန်မြန်ဆန်ဆန်လေး ဖြစ်မြောက်နိုင်ဖို့အတွက်ပေါ့ ဦးတည်ပြီးတော့ ကျနော်တို့က ဒီအစည်း အဝေးခေါ်ပြီးတော့ ဒီဟာကို လှုံ့ဆော်ပေးဖို့ ဆွေးနွေးပေးဖို့ပေါ့။ မတ်လ ၃၁ ရက်နေ့က ယူပီအဗလျူဒီနဲ့ အန်စီစီတီတို့ အပစ်ခတ်ရပ်မူကြမ်းပေါ် သဘောတူကြောင်း လက်မှတ်ရေးထိုးနိုင်ခဲ့တယ်။ သမ္မတကြီးက လည်း လက်မှတ်ရေးထိုးနိုင်ဖို့ လှုံ့ဆော်ခဲ့တယ်။ ဒါကြောင့် အပစ်ခတ်ရပ်စဲရေး မူကြမ်းကို ဆက်လက်လက်မှတ်ရေးထိုးနိုင်ရေးက ဒီဆွေးနွေးပွဲမှာ အကျုံးဝင်တယ်။ အဓိကလည်း ဖြစ်ပါလိမ့်မယ်။”

ညီလာခံရဲ့ လုံခြုံရေး၊ ဆက်သွယ်ရေးကိစ္စေ အ၀၀ကိုပါ ယူဒဗလျူအက်စ်အေက တာဝန်ယူပြီး အထူးဒေသ ၄ မိုင်းလားနဲ့ ကေအိုင်အို အဖွဲ့ကလည်း ဖြစ်မြောက်ရေးအတွက် ပါဝင်ကူညီဆောင်ရွက်မယ်လို့ သူက ဆက်ပြောပါတယ်။

ညီလာခံကို မေလ ၁ ရက်နေ့ကနေ ၃ ရက်နေ့ထိ ၃ ရက်တာ ကျင်းပဖို့ စီစဉ် ထားပေမယ့်လည်း ဆွေးနွေးလို့ မပြီးပြတ်ရင် နောက်ထပ်ရက်တိုးသွားမယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013