DVB Logo
Home
မြန်မာသတင်း
၂၁ ရာစု ပင်လုံကို ထောက်ခံသည့်အနေဖြင့် တိုင်းရင်းသားလူမျိုးပေါင်းစုံ ဈေးရောင်းပွဲတော် ကျင်းပ
DVB
·
December 2, 2018
၂၁ ရာစု ပင်လုံကို ထောက်ခံသည့်အနေဖြင့် တိုင်းရင်းသားလူမျိုးပေါင်းစုံ ဈေးရောင်းပွဲတော် ကျင်းပ
1 / 10
Donate to DVB

၂၁ ရာစုပင်လုံညီလာခံကို ထောက်ခံဂုဏ်ပြုတဲ့အနေနဲ့ တိုင်းရင်းသားလူမျိုးပေါင်းစုံပါဝင်တဲ့ ရိုးရာအစားအစာနဲ့ အသုံးအဆောင်ပစ္စည်း ဈေးရောင်းပွဲတော်ကို ကမ္ဘာအေးဘုရားလမ်းမှာရှိတဲ့ မြကျွန်းသားကန်ဘောင်မှာ ကျင်းပခဲ့ပါတယ်။

ဆိုင်ခန်းပေါင်း ၁၄၀ ပါဝင်ရောင်းချနေတဲ့ တိုင်းရင်းသားရိုးရာအစားအစာနဲ့ အသုံးအဆောင်ပစ္စည်း ဈေးရောင်းပွဲတော်ကို နိုဝင်ဘာ ၃၀ ရက်နေ့ကနေ ဒီဇင်ဘာ ၂ ရက်နေ့အထိ ကျင်းပတာပါ။

ရိုးရာအစာအစာနဲ့ အသုံးအဆောင်ပစ္စည်းရောင်းချတဲ့ ပွဲတော်မှာ ရှမ်း၊ ကချင်၊ ကရင်၊ ကမန်နဲ့ ရှမ်းစတဲ့ တိုင်းရင်းသားလူမျိုး ၃၀ ပါဝင်ဆင်နွှဲနေကြပါတယ်။

ဈေးရောင်းပွဲတော်ကျင်းပဖြစ်တဲ့ ရည်ရွယ်ချက်ကတော့ ပြည်ထောင်စုတိုင်းရင်းသားအားလုံး ပါဝင်တဲ့ ၂၁ စု ရာစု ပင်လုံညီလာခံကျင်းပနိုင်ရေး၊ တိုင်းရင်းသားပြည်သူအားလုံးရဲ့ လူနေမှုဘဝ မြင့်မားရေးအတွက် ပြည်တွင်းစစ်အပြီးအတိုင် ချုပ်ငြိမ်းရေး၊ တောင်ပေါ်မြေပြန့် တိုင်းရင်းသား ညီအစ်ကိုမောင်နှမတွေအားလုံး တရားမျှတပြီး တန်းတူညီမျှတူအခွင့်အရေးရရှိရေးနဲ့ ၂၁ ရာစု ပင်လုံညီလာခံကြီးကနေ ငြိမ်းချမ်းပြီး တရားမျှတတဲ့ ဖက်ဒရယ်ပြည်ထောင်စုကြီးပေါ် ပေါက်လာဖို့အတွက် ကျင်းပတာလည်း ဖြစ်ပါတယ်။

ဖွင့်ပွဲအခမ်းအနားကို ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများရေးရာ ဒုတိယဝန်ကြီး ဦးလှမော်ဦး၊ ငြိမ်းချမ်းရေးကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်း၊ ရန်ကုန်တိုင်းအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း၊ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုး၊ ရန်ကုန်တိုင်း လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်းနဲ့ တိုင်းရင်းသားတွေ တက်ရောက်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013