DVB Logo
Home
မြန်မာသတင်း
ထိုင်းကရင်တိုင်းရင်းသားကတ်ပြုလုပ်သည့် မြန်မာဂိုဏ်းဖမ်းဆီးခံရ
DVB
·
January 25, 2019
ထိုင်းကရင်တိုင်းရင်းသားကတ်ပြုလုပ်သည့်  မြန်မာဂိုဏ်းဖမ်းဆီးခံရ
Donate to DVB

ထိုင်းကရင်တိုင်းရင်းသား တောင်ပေါ်သားကတ် အတုတွေ ပြုလုပ်ပေးနေတဲ့ မြန်မာ ၄ ဦးပါဂိုဏ်းအဖွဲ့ကို ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ဖမ်းဆီးရမိတယ်လို့  ဆယမ်ရတ်ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

အဆိုပါဂိုဏ်းဟာ ထိုင်းနိုင်ငံရောက်တရားမ၀င်အလုပ်သမားတွေထံက အခကြေး ငွေကောက်ခံပြီး တိုင်းရင်းသားမှတ်ပုံတင်အတု လုပ်ဆောင်ပေးနေကြောင်း  စုံစမ်းသိရလို့ သူတို့နေထိုင်ရာ ဘန်ကောက်ဘန်ခွန်ထိန်းနယ်မြေ ဆမဲဒမ်ရပ်ကွက်ရှိ တိုက်ခန်းမှာ ၀င်ရောက်ဖမ်းဆီးခဲ့တာလို့ ထိုင်းလူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့ ဒုရဲမှူးချုပ် ဆူရခေ့်ျ ဟတ်ဖန်းက ဒီကနေ့ သတင်းစာရှင်းပွဲမှာ ပြောပါတယ်။

ဇန်န၀ါရီ ၂၃ ရက်နေ့က  ထိုင်းအလုပ်ရှင်တဦးက သူ့ထံကို ကရင်တိုင်းရင်းသားကတ် ကိုင်ဆောင်သူတဦး အလုပ်လာလျှောက်ထားတာကို တွေ့ရှိတဲ့အတွက် အဆိုပါကတ် အပေါ် သံသယရှိကြောင်း ရဲတပ်ဖွဲ့ကို တိုင်ကြားရာက ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့တာပါ။

သူတို့ဂိုဏ်းဟာ တရားမ၀င်အလုပ်သမားတွေကို ကရင်တိုင်းရင်းသားကတ်လုပ်ရင် ထိုင်းနို င်ငံမှာ နေထိုင်သွားလာခွင့်ရှိပြီး အလုပ်သမားကတ်လည်း လုပ်လို့ရကြောင်း လိမ်လည်ပြောဆိုကာ  တဦးလျှင် ဘတ်ငွေ ၅၆၀၀ စီကောက်ခံခဲ့ကြောင်း၊ အလုပ်သမားတွေကလည်း ယုံကြည်ပြီး ကတ်လာလုပ်ကြတယ်လို့ ဆိုပါတယ်။

ဒီအမှုနဲ့ ပတ်သက်ပြီး တာဝန်ရှိသူတွေက မိုးဇော်  ( ၃၈ နှစ် ) ၊ စောအောင်နိုင် ( ၃၉ နှစ် ) ၊ စောသန်း ( ၃၀ နှစ် ) နဲ့ နန့်ရီငယ် ( ၂၄ နှစ် ) စတဲ့ မြန်မာနိုင်ငံသား ၄ ဦး တို့ကို မှတ်ပုံတင်တု လု ပ်ရာမှာ အသုံးပြုတဲ့ ကွန်ပြူတာ၊ ပရင်တာ၊ ပလပ်စတစ်လောင်းစက် ၊ ပရင့်ထုတ်ပြီးသား မှတ်ပုံတင်ကတ်အတု ၈၀ ၊ မှတ်ပုံတင်ထည့်ဖို့ ပလပ်စတိတ်အိတ်အလွတ် အလုံး ၁၀၀ ၊ ရေဒီယိုစ ကားပြောစက် စတဲ့သက်သေခံ ပစ္စည်းတွေ နဲ့အတူ ဖမ်းဆီးရမိခဲ့ပါတယ်။

သူတို့တွေဟာ လ၀ကဥပဒေအရ အရေးယူခံရမယ့်အပြင်  ခွင့်ပြုချက်မရှိဘဲ ရေဒီယိုဆက်သွယ်ရေး ကိရိယာပါအသုံးပြုတဲ့အတွက် ဆက်သွယ်ရေးဥပဒေနဲ့ပါ အရေးယူခံရ မှာဖြစ်ကြောင်း၊ ဒီလုပ်ဆောင်ချက်ဟာ  ထိုင်းနိုင်ငံ လုံခြုံရေးကိုထိပါးစေနိုင်တဲ့အတွက် ပြည်နှင်ဒဏ် ပေးရလိမ့်မယ်လို့ ဒုရဲမှူးချုပ် ဆူရခေ့်ျ ဟတ်ဖန်းက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013