
ဂျာမနီလက်ရွေးစင်အသင်း နည်းပြသစ် ယာဂန်ကလော့ပ်ဟာ သူ့ရဲ့ ပထမဆုံး သတင်းစာ ရှင်းလင်းပွဲမှာ မီဒီယာတွေကို သတိပေးစကား ပြောကြားခဲ့ပါတယ်။
မီဒီယာတွေအနေနဲ့ သူ့မိသားစုရဲ့ ကိုယ်ရေးကိုယ်တာကို ဝင်ရောက်စွက်ဖက်မယ်ဆိုရင် ရာထူး ကနေ နုတ်ထွက်မယ်လို ကလော့ပ်က သတိပေးခဲ့တာပါ။
ဂျာမနီအသင်းဟာ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားမှာ ပါရာဂွေးကို ရှုံးနိမ့်ခဲ့လို နည်းပြဟောင်း နာဂယ်လ်စမန်း နုတ်ထွက်ခဲ့ပြီးနောက် လီဗာပူးနည်းပြဟောင်း ကလော့ပ်ကို ၄ နှစ်စာချုပ်နဲ့ ခန့်အပ်ခဲ့တာ ဖြစ်ပါတယ်။
ကလော့ပ်က "ခင်ဗျားတို့ ဆိုးဆိုးဝါးဝါး ပြုမူပြီး ကျနော်မိသားစုကို အေးအေးချမ်းချမ်း မထားဘူး ဆိုရင် ကျနော်ထွက်သွားမှာပါ"လို့ တည့်တိုး ပြောဆိုခဲ့ပါတယ်။
သူဟာ ဂျူလီယန် နာဂယ်လ်စမန်းနဲ့ သောမတ်စ်တူချယ်တို့ကို မီဒီယာတွေ ဆက်ဆံခဲ့ပုံကို မြင်တွေ့ ခဲ့ရတာကြောင့် ဒီအလုပ်ကို လုပ်ဖို ဆုံးဖြတ်ခဲ့တာပါ။
လီဗာပူးနည်းပြဟောင်း ကလော့ပ်ဟာ စက်တင်ဘာ ၂၄ ရက်နေ့မှာ နယ်သာလန်နဲ့ ပွဲဦးထွက် ကစားရမှာ ဖြစ်ပါတယ်။
Photo: Reuters











