
အီတလီအသင်း ၃ ကြိမ်ဆက် ကမ္ဘာ့ဖလားခြေစစ်ပွဲ ရှုံးနိမ့်ခဲ့ပြီးနောက် အဖွဲ့ချုပ်ဥက္ကဋ္ဌ ဂရာဗီနာနဲ့ အသင်းတာဝန်ခံ ဂန္ထဝင်ဂိုးသမားကြီး ဘူဖွန်တို့ တာဝန်ယူမှုရှိရှိနဲ့ ရာထူးကနေ နုတ်ထွက်သွားကြပြီ ဖြစ်ပါတယ်။
အီတလီဟာ ဘော့စနီးယားကို ရှုံးနိမ့်ပြီး ၂၀၂၆ ကမ္ဘာ့ဖလားနဲ့ ထပ်မံလွဲချော်ခဲ့ရတာကြောင့် အခုလို ထိပ်ပိုင်း တာဝန်ရှိသူတွေ အပြောင်းအလဲ ဖြစ်လာတာပါ။
အဖွဲ့ချုပ်ဥက္ကဋ္ဌသစ်ကို လာမဲ့ ဇွန် ၂၂ ရက်မှာ ရွေးချယ်တင်မြှောက်မှာဖြစ်ပြီး လက်ရှိနည်းပြ ဂတ်တူဆို ကိုတော့ ဆက်ရှိနေဖို့ တောင်းဆိုထားပါတယ်။
ဒါ့အပြင် UEFA ဥက္ကဋ္ဌ ဆီဖရင်က အီတလီအနေနဲ့ အားကစားကွင်း အခြေခံအဆောက်အအုံတွေကို အဆင့်မမြှင့်တင်နိုင်ဘူးဆိုရင် ယူရို ၂၀၃၂ ကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့် ဆုံးရှုံးနိုင်တယ်လို့ သတိပေးထားပါတယ်။










