DVB Logo
Home
မြန်မာသတင်း
ပုဏ္ဏားကျွန်းတွင် ကျောင်းသူ ၂ ဦး ရေနစ်သေဆုံး
DVB
·
June 17, 2026
Photo: ပုဏ္ဏားကျွန်း လူငယ်များအစည်းအရုံး
Photo: ပုဏ္ဏားကျွန်း လူငယ်များအစည်းအရုံး
Donate to DVB

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်၊ ကျောက်ဆိပ်ကျေးရွာမှာ ဇွန် ၁၅ ရက် နေ့လယ်ပိုင်းက ကုလားတန်မြစ်မှာ ရေနစ်ပြီး ဆယ်ကျော်သက်အရွယ် ကျောင်းသူ ၂ ယောက် သေဆုံးကာ တယောက်ရဲ့ အလောင်းကိုသာ ရှာဖွေတွေ့ရှိသေးတယ်လို့ ကျောက်ဆိပ်ကျေးရွာသားတွေက ပြောပါတယ်။

ဇွန် ၁၅ ရက် နေ့လယ်ပိုင်းက ရွာအနီးရှိ မြစ်မှာ ရေဆင်းချိုးကြရာကနေ ၁၂ နှစ်အရွယ် ကလေးငယ် တယောက်နဲ့ ၁၃ နှစ်အရွယ် ကလေးငယ်တယောက် ရေနစ်မြုပ်ပြီး သေဆုံးသွားကြတာ ဖြစ်ကာ လက်ရှိမှာ ၁၃ နှစ်အရွယ် ကလေးငယ်ရဲ့ ရုပ်အလောင်းကို ဆယ်ယူရရှိထားပြီလို့ ကျောက်ဆိပ် ကျေးရွာနေ အမျိုးသမီးတယောက်က ပြောပါတယ်။

“ဆယ်ကျော်သက်အရွယ် ကျောင်းသူ ၂ ဦး ရေနစ်သေဆုံးခဲ့တာ ရှိတယ်။ တဦးကတော့ အလောင်းရှာရထားပြီ။ နောက်တဦးက မရသေးဘူး။ မြစ်မှာ ရေဆင်းချိုးရာကနေ ရေလှိုင်းနဲ့ ပါသွားတာလို့ သိရတယ်။ နောက်တဦးကိုလည်း ရှာဖွေမှုတွေ ဆက်လုပ်နေကြတယ်။”

ရေနစ်မြုပ်မှုကြောင့် သေဆုံးသွားသူတွေမှာ ကျောက်ဆိပ်ကျေးရွာက အသက် ၁၃ နှစ်အရွယ် မဝင်းမြတ်သူနဲ့ အသက် ၁၂ နှစ်အရွယ် မသန်းအေးနွယ် တို့ဖြစ်ကြပြီး လက်ရှိမှာ မဝင်းမြတ်သူရဲ့ ရုပ်အလောင်းကို ကယ်ဆယ်ရရှိထားပြီလို့ ကျေးရွာသားတွေက ပြောပါတယ်။

လက်ရှိမှာ ပျောက်ဆုံးနေတဲ့ မသန်းအေးနွယ်ရဲ့ ရုပ်အလောင်းကို ကျောက်ဆိပ်ကျေးရွာသားတွေနဲ့ ပုဏ္ဏားကျွန်း လူငယ်များအစည်းအရုံးက အဖွဲ့ဝင်တွေ ပူးပေါင်းရှာဖွေမှုတွေ ပြုလုပ်နေကြတယ်လို့ ပုဏ္ဏားကျွန်း လူငယ်များအစည်းအရုံး တာဝန်ရှိသူတယောက်က ပြောပါတယ်။

“ပုဏ္ဏားကျွန်းမြို့နယ်မှာ တရက်တည်း ရေနစ်မြုပ်မှု နှစ်ခုဖြစ်ခဲ့တာ။ ခရီးသည်တင် ဘုတ်တစီးနဲ့ ကျောက်ဆိပ်ရွာက ကလေး ၂ ဦး ရေမြုပ်မှုဖြစ်ကြတာ။ ကျောက်ဆိပ်မှာတော့ တဦးက အလောင်းရှာ ရထားပါပြီ။ နောက်တဦးကိုလည်း ကျနော်တို့ ကျေးရွာသားတွေနဲ့ ပူးပေါင်းပြီး ရှာဖွေမှု တွေ ပြုလုပ်နေပါတယ်။”

ဇွန် ၁၅ ရက် တရက်တည်း ပုဏ္ဏားကျွန်းမြို့အနီးမှာ ရသေ့တောင်မြို့နယ်က ကျောက်တော်ကို ဈေးဝယ်လာတဲ့ ခရီးတင်ဘုတ်တစီး နစ်မြုပ်ခဲ့တာကြောင့် ရသေ့တောင်ဒေသခံ ၁၁ ယောက် သေဆုံးခဲ့ပါတယ်။

မေ ၁၂ ရက်ကလည်း မင်းပြားမြို့နယ်မှာ ဘောလုံးကစားပြီး ပြန်လာတဲ့ စက်လှေတစင်း နစ်မြုပ်ခဲ့တာကြောင့် အမျိုးသား ၁၀ ယောက် သေဆုံးခဲ့ပါတယ်။

ရခိုင်ပြည်နယ်ဟာ ကမ်းရိုးတန်းဒေသဖြစ်တာကြောင့် မိုးရာသီမှာ ရေစီးသန်တာ၊ လှိုင်းကြီးတာတွေ ကြောင့် ရေကြောင်းခရီးသွားလာတာနဲ့ မြစ်၊ ချောင်းတွေမှာ ရေဆင်းချိုးတာတွေကို အထူးသတိ ပြုကြဖို့လည်း ဒေသအာဏာပိုင်တွေက တိုက်တွန်းထားကြပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013